နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နောက်ထပ်ငါးနှစ်စီမံကိန်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးသို့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း အထောက်အထား စာရွက်စာတမ်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံများကို လွှဲပြောင်းပေးအပ်ပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်သည်။

အိန္ဒိယ - မြန်မာ နယ်စပ်တစ်လျှောက် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေ ၂၈ ရက်တွင် စတင်လက်မှတ်ရေးထိုးခဲ့ပြီး ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ စီမံကိန်းလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားများဆောက်လုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာငါးသန်းနှုန်းဖြင့် ငါးကြိမ်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅ သန်းနှုန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ပဉ္စမအကြိမ် စီမံကိန်းလုပ်ငန်း ၃၈ ခုကို ရာနှုန်းပြည့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ဒုတိယအကျော့အဖြစ် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ငါးနှစ်ကာလအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) အသစ်ကို လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)