မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး






ရေနံချောင်း၊ ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရေနံချောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းမြို့၊ မြို့ရှောင်လမ်းမိုင်တိုင်အမှတ် (၃၅၆/၆) အနီးရှိ စံပြတမာစိုက်ခင်း(၇၅)ဧက Phase(2) စိုက်ပျိုးပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ ရေနံချောင်းစက်မှုဇုန် ခွဲရုံ(၆၆/၃)KV ဓာတ်အားခွဲရုံသို့လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၁၇၃ သန်းဖြင့်ဆောင်ရွက်သည့် ရွှေကြာငုံပတ်လမ်း အရှည် ၂၉၇၇ ပေ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ်သန်း ၁၀၀ ဖြင့်ဆောင်ရွက်သည့် ချောင်းတိမ်ချောင်းတူးဖော်ခြင်းလုပ်ငန်းများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားသည်။

ယင်းနောက် ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမသို့ ရောက်ရှိကာ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးဝန်ကြီးချုပ်က ဩဝါဒစကားပြောကြားကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ရေနံချောင်းရေနံမြေ၏ စွမ်းအင်ဧည့်ရိပ်သာ(၁၇) အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ ရေနံချောင်းရေနံမြေ အထွေထွေမန်နေဂျာ ဦးလှမြင့်က ရေနံထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)