ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်နှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်နှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်




မြစ်ကြီးနား ဒီဇင်ဘာ ၇

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသွားမည့် ၂၀၂၄ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားများအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်‌ရေးအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်စဉ်ကျင်းပပြုလုပ်သည့် အခမ်းအနားများဖြစ်သည့်အတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးအနေဖြင့် လုပ်ငန်းတာဝန်များအပေါ် အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊ အခမ်းအနားများ ကျင်းပရာတွင် အဖွဲ့အစည်းအားလုံးပါဝင်ပြီး နွေးထွေးစည်းလုံးချစ်ခင်စွာ၊ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပပြုနိုင်ရေး အလေးအနက်ထား မှာကြားလိုပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိသားစုခရစ္စမတ်ပွဲတော်နှင့် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး တာဝန်ယူ ဆောင်ရွက်ထားရှိမှုများ၊ ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်သည်များ၊ ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ယခင်နှစ် အခမ်းအနားများမှ အားနည်းချက်/ အားသာချက်များဖြင့် သုံးသပ် ဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီး၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ်မှ ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည်တော်သို့ သွားရောက်ကြမည့် ရိုးရာအကအဖွဲ့အား တွေ့ဆုံအားပေးသည်။

ထိုသို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကိုယ်စားပြုအနေဖြင့် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွှဲခွင့်ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် ပံ့ပိုးကူညီရမည့်ကိစ္စရပ်များကို ဖြည့်ဆည်းပံ့ပိုးထားပြီးဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် တိုင်းရင်းသားအားလုံးနှင့်အတူတကွ ချစ်ကြည်ရင်းနှီးစွာ၊ တက်ကြွစွာ ပါဝင်ဆင်နွှဲကြရန် အထူးမှာကြားလိုအပ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နေပြည်တော်သို့ သွားရောက်ကြမည့် ရိုးရာအကအဖွဲ့ ဝင်များအတွက် ကချင်တိုင်းရင်းသားဝတ်စုံများနှင့် အုပ်ချုပ်သူအပါအဝင် ရိုးရာအကအဖွဲ့ဝင်(၂၁)ဦး တို့အတွက် ထောက်ပံ့ငွေကျပ် (၂၄၀၀၀၀၀)ကို ထောက်ပံ့ပေးအပ်ပြီး ရိုးရာအကအဖွဲ့အတွက် အုပ်ချုပ်သူအနေဖြင့် လိုက်ပါဆောင်ရွက်မည့် ဦးငြိမ်းမောင်မောင်က နေပြည်တော်သို့ (၈)ရက်နေ့ အရောက်သွားရောက်မည့် ခရီးစဉ်အခြေအနေနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ၊ စုဖွဲ့ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)