ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



မော်လမြိုင်  ,   ဒီဇင်ဘာ ၂၆


‌မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြလုပ်ခဲ့သည်။


ရှေးဦးစွာ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ  သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်နိုင်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးလုပ်ငန်းစဉ်များ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက်သင်တန်းများ ဖွင့်လှစ်ပေးနိုင်မှုများ၊ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံများဖြင့် အလုပ်လုပ်ကိုင်ခြင်းမှကာကွယ်နိုင်ရန် အလုပ်ရှင်များအား အသိပညာပေးခြင်း၊ မိသားစုအခက်အခဲများကြောင့် ကလေးငယ်များအား အလုပ်လုပ်ကိုင်ခြင်းမှတားဆီးကာကွယ်ရန် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ BillBoard များ စိုက်ထူခြင်းလုပ်ငန်းများအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များက မိမိတို့ လုပ်ဆောင်နေကြသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြရာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးတို့က ပြန်လည်‌ဖြေကြားဆွေးနွေးပေးခဲ့ပြီး ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)