ပြည်တွင်းဝါ ဈေးဆက်တိုက် မြင့်တက်ဝယ်လိုအားကောင်းနေကြောင်း ဝါလုပ်ငန်းရှင်များထံက သိရသည်။
ယခုနှစ် ရာသီဥတုဖောက်ပြန်မှုကြောင့် ဝါအထွက်နှုန်း လျော့ကျနေကြောင်းနှင့် ဇန်နဝါရီလမှ လှိုင်လှိုင်ပေါ်မည်ဖြစ်၍ ဈေးကွက်တွင်လက်ကျန်နည်းကာ ဈေးမြင့်တက်နေခြင်း ဖြစ်သည်။
ကုန်ပစ္စည်းက စစထွက် ချင်းဆို ဈေးတက်တယ်။ အခု က လက်ကျန်နည်းနေပြီး အခုချိန်က ဈေးတက်တဲ့အချိန်ပါ။ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ၁ဝဝဝ ကျော် လောက်တက်တယ်”ဟု မန္တလေး တိုင်းမှ ဝါလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်လ စတုတ္ထအပတ် က ဝါ တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ သာ ရှိခဲ့ရာမှ ဆက်တိုက် မြင့်တက်ခဲ့ပြီး လက်ရှိတွင် တစ် ဿာလျှင် ငွေကျပ် ၅၀၀၀ အထိ မြင့်တက်လျက်ရှိသည်။
ထို့အပြင် တရုတ်ဘက်မှာ လည်း ဝယ်လိုအားကောင်းနေ ခြင်းကြောင့်လည်း ဝါဈေးကောင်း ရရှိလာခြင်းဖြစ်ကြောင်း ဝါလုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံက ဝါကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်မှတစ်ဆင့် ကြံ၊ ရာဘာ၊ ဝါဂွမ်းနှင့် လျှော်ဖြူတို့အား ပြန်လည်တင်သွင်းခွင့်ပြု ထားသည်။
ဝါကို ဂွမ်းထုပ်အဖြစ် စက်များဖြင့်ဖိပြီး မူဆယ်နယ်စပ်မှ တစ်ဆင့် တင်ပို့ရောင်းချလျက် ရှိပြီး အရောင်းအဝယ်ဖြစ်နေသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် တရုတ်နိုင်ငံသို့ ဝါဂွမ်း တင်ပို့မှုမှာ ၉၁၇၂ ဒသမ ၂ဝ တန်ထိ တင်ပို့နိုင်ခဲ့ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
လက်ကျန် ဝါများဈေးကွက် ရရှိရေးအတွက် A အဆင့်နှင့် C အဆင့် ဝါများအား တင်ဒါ စနစ်ဖြင့် စက်မှုဝန်ကြီးဌာနကလည်း ဝယ်ယူပေးလျက်ရှိသည်။
ထိုကဲ့သို့ ဝယ်ယူရာတွင် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းများအတွက် ချည်မျှင်ရှည် ဝါဂွမ်း A အဆင့် ဝါပိဿာချိန် ရှစ်သိန်းနှင့် C အဆင့် ဝါ ပိဿာချိန် ၁၆ဝဝဝဝ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူထားသည်။
ပြည်တွင်း၌ ဝါသည် ဒီဇင် ဘာလလယ်မှ စတင်ထွက်ပေါ် ကာ ဧပြီလလယ်အထိ ထွက်ပေါ်လျက်ရှိကြောင်း ဝါစိုက် တောင်သူထံက သိရသည်။
ဝါစိုက်တောင်သူများ အနေဖြင့် ဝါကို မိုးနှမ်းနှင့်အတူ ၅လပိုင်းကျော် ၆လပိုင်းခန့်တွင် တွဲစိုက်ကြကြောင်းလည်း သိရသည်။
ပြည်တွင်း၌ ဝါကို မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး အစိုးရအနေဖြင့်လည်း ဝါကို အရေးကြီးကုန်အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။
ရွှေမန်း
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment