မန္တလေး၊ ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့ နယ်အတွင်းရှိ အများပြည်သူများ လျှပ်စစ်ဓာတ်အားကို ယခင်ကထက် ပိုမိုတိုးချဲ့သုံးစွဲနိုင်ရန် လျှပ်စစ်ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်တည်ဆောက်လျက်ရှိကြောင်း မဟာ အောင်မြေမြို့နယ် လျှပ်စစ်မန်နေဂျာ ဒေါ်မိုင်တင်တင်အေးထံက သိရသည်။
အဆိုပါ အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ ကို ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေခေါင်းစဉ်အောက်မှ ကျခံဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ မဟာအောင်မြေမြို့နယ် ၅၇ လမ်းနှင့် ၃၉ လမ်းထောင့်တွင် (၂ဝဝ)ကေဗွီအေ ထရန်စဖော်မာတစ်လုံး၊ ၅၅ လမ်း နှင့် ၄၂ လမ်းထောင့်တွင် (၂ဝဝ)ကေဗွီအေ ထရန်စဖော်မာတစ်လုံး၊ ၆၆ လမ်းနှင့် ၃၈ လမ်းထောင့်တွင် (၂ဝဝ)ကေဗွီအေ ထရန်စဖော်မာ တစ်လုံး၊ ၇၃ လမ်းနှင့် ၃၉ လမ်းထောင့်တွင် (၂ဝဝ) ကေဗွီအေ ထရန်စဖော်မာတစ်လုံးတို့အား တိုးချဲ့တပ်ဆင်တည်ဆောက် လျက်ရှိကြောင်း၊ ထရန်စဖော်မာများနှင့်အတူ ဆက်စပ်(၁၁)ကေဗွီ ဓာတ်အားလိုင်းနှင့် (၄ဝဝ)ဗို့ဓာတ်အားလိုင်းများကိုပါ တိုးချဲ့တပ် ဆင်တည်ဆောက်လျက်ရှိကြောင်း၊ မဟာအောင်မြေမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးမျိုးမင်းထွန်းက ရှင်းပြသည်။
ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်းကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူ များ လျှပ်စစ်ဓာတ်အားကို ယခင်ထက် ပိုမိုတိုးချဲ့သုံးစွဲနိုင်မည်ဖြစ် ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် လျော့နည်းကျဆင်းကာ လျှပ်စစ်ဓာတ်အားကို ဝန်အားနိုင်နင်းစွာဖြင့် စံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့်ဝဝနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင် ရန်နှင့် လျှပ်စစ်ထရန်စဖော်မာများ ချို့ယွင်းလောင်ကျွမ်းပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်းဖြစ် ကြောင်း သိရသည်။ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေး ဆောင်ရွက်လျက်ရှိကြောင်း မဟာအောင်မြေ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
ဒီပါလင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment