ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


ပင်းတယ၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ယမန်နေ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးမွေးမြူရေးကိုအခြေခံ၍ အခြားကဏ္ဍများလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကြောင့် နိုင်ငံတော်၏ထုတ်လုပ်မှုကဏ္ဍမှာ စိုက်ပျိုးရေးသည် အရေးကြီးသကဲ့သို့ မွေးမြူရေးကဏ္ဍသည်လည်း အရေးပါသောနေရာမှာရှိကြောင်း၊ ကျန်းမာကြံ့ခိုင်၍ အဟာရပြည့်ဝသော လူသားအရင်းအမြစ်များပေါ်ထွန်းလာစေရေးအတွက် သန့်ရှင်းလတ်ဆတ်၍ အဟာရပြည့်ဝသော အသားများထုတ်လုပ်နိုင်ရန်နှင့် ဒေသအတွင်းစားရေရိက္ခာဖူလုံရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရေးအတွက် နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးဇုန်အကောင်အထည်ဖော်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ဒေသကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ထွန်းအောင်က မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမွေးမြူရေးဇုန် အကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ ဒေသမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ငဖိန်းအင်းကွင်းအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရဲထက်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)