၂၀၂၄၊ ဒီဇင်ဘာ ၁၇ ( အင်္ဂါနေ့ )
အမေရိကန် တာလတ်ပစ် နဲ့ တာဝေးပစ် ဒုံးကျည်များ ယူကရိန်းကို ဖြန့်ကျက်ခြင်းမပြုရန်၊ ယူကရိန်းအပေါ် အနောက်အုပ်စု၏ ပံ့ပိုးကူညီနေမှုက နျူစစ်ပွဲကြီးဖြစ်အောင် ရုရှားကို တွန်းအားပေးနေတယ်လို့ သမ္မတ ဗလာဒီမာပူတင်က သတိပေးပြောလိုက်ပါတယ်။
တနင်္လာနေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိများ အစည်းအဝေးတွင် ပူတင်က အမေရိကန် သည် မော်စကိုအား အားပျော့စေရန်နှင့် ဗျူဟာမြောက် ရှုံးနိမ့်မှု ဖြစ်လာစေရန်ကို ကြိုးပမ်းနေကြောင်း၊ ကိယက်ဗ်၏ တရားမဝင်သော အုပ်ချုပ်မှုစနစ်အား လက်နက်နှင့် ငွေကြေးဖြင့်ပံ့ပိုးမှု ဆက်လက်လုပ်ဆောင် နေကြောင်း၊ ကြေးစားများနှင့် စစ်ဘက်အကြံပေးများ စေလွှတ်ခြင်းဖြင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာစေရန် တွန်းအားဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။
“ဝါရှင်တန်အစိုးရက "ရိုးရှင်းသောနည်းဗျူဟာများ" ကိုအသုံးပြုခြင်းဖြင့် အမေရိကန်များကို ကြောက်ရမယ်ဆိုတဲ့ အသိတရားတိုးပွားစေပါတယ်။ သူတို့က ငါတို့ကို မျဉ်းနီဆီကို မရောက်ရောက်အောင် တွန်းပို့နေတယ်… ငါတို့က စပြီး တုံ့ပြန်တော့ သူတို့က ငါတို့ကို လက်ညိုးထိုးပြီး လူတွေကို ထိတ်လန့်စေတယ်။ သူတို့က မျိုးဆက်သစ် စစ်ပွဲတွေကို ဆင်နွဲနေတယ်။ သူတို့နဲ့ သဘောထားမတူတဲ့ နိုင်ငံတွေကို ရန်သူလို့ သက်မှက်ပြီး နည်းမျိုးစုံနဲ့ တိုက်ခိုက်တယ်။ ဝင်ရောက်စွက်ဖက်တယ်။ ငါတို့ကတော့ ငါတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ပဲ သွားမယ်။” လို့ ပြောပါတယ်။
နေတိုးက ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ကာ ရုရှားနယ်စပ်အနီးတွင် “တိုက်ခိုက်ရေးအဖွဲ့များ” ဖွဲ့စည်းထားကြောင်း နှင့် ဥရောပမှာ အမေရိကန် စစ်မှုထမ်းအရေအတွက်ဟာ တပ်ဖွဲ့ဝင် ၁သိန်း ကျော်သွားပြီ ဖြစ်ကြောင်း ၊ နေတိုးရဲ့ တပ်ဖြန့်ချထားမှုက ရုရှားနယ်စပ်တွေမှာ အမြင့်ဆုံးဖြစ်နေပြီးတော့ တစ်ကြိမ်တစ်ခါမှ အဲ့ဒီလောက်မများကြောင်း၊ နျူထိပ်ဖူးတပ် တာဝေးပစ် နဲ့ တာလတ်ပစ်ဒုံးဆိုင်ရာ စာချုပ်ကနေ အမေရိကန်က ၂၀၁၈ တုန်းက ထွက်သွားပြီဖြစ်ကြောင်း၊ အမေရိကန်တွေက ရုရှားနားမှာ ဒုံးကျည်ကာကွယ်ရေးစခန်းတွေ လာဆောက်နေတာနဲ့ ပတ်သက်ပြီး ရုရှားအနေနဲ့ ဘာစည်းမျဉ်း စည်းကမ်မှ လိုက်နာဖို့မလိုတော့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment