တိုကျို၊ ဒီဇင်ဘာ ၁၆
ဂျပန်နိုင်ငံ၊ နာဂိုယာမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ ကြီးမှူး၍ “မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်” ကို ၁၃-၁၂-၂၀၂၄ ရက် (သောကြာနေ့) တွင် နာဂိုယာမြို့ရှိ Nagoya Chamber of Commerce and Industry ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖိုရမ်သို့ မြန်မာသံရုံး၊ တိုကျိုမြို့မှ သံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်မှု အခက်အခဲကို ဖြေရှင်းနိုင်ရန် ပြည်ပမှလူ့စွမ်းအားအရင်းအမြစ်များ လက်ခံနိုင်ရေးကို အလေးထား စဉ်းစားလျက် မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ ခေါ်ယူနိုင်ရေး အခြေအနေများနှင့် သိရှိ လိုသည်များကို မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်သည်။
ဖိုရမ်သို့ Aichi ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Hideaki OHMURA၊ ဂျပန်နိုင်ငံ အထက် လွှတ်တော်အမတ် Ms. Satsuki Katayama၊ Aichi ပြည်နယ်လွှတ်တော်အမတ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura၊ စက်မှုနှင့် အလုပ်သမားဌာန၊ အာဆီယံသမဝါယမအသင်း၊ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံမှ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတို့မှ တာဝန်ရှိ သူများ၊ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်း (၁၀၀) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။
ဖိုရမ်၌ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များ၊ မြန်မာကျွမ်းကျင်အလုပ်သမားများ၏ ကြိုးစားမှုနှင့် စွမ်းဆောင်ရည်များကြောင့် ဂျပန်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ရန် သင့်လျော်သည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် Aichi ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Hideaki OHMURA၊ ဂျပန်နိုင်ငံ အထက် လွှတ်တော်အမတ် Ms. Satsuki Katayama နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura၊ တို့မှ အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ အာဆီယံသမဝါယမအသင်းမှ တာဝန်ရှိသူတစ်ဦးမှ နည်းပညာအလုပ်သင် သင်တန်းသားနှင့် ကျွမ်းကျင်လုပ်သားများအတွက် ကူညီပံ့ပိုးပေးမှုအခြေအနေများ၊ မြေယာ၊ အခြေခံအဆောက် အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ယာဉ်မောင်းကျွမ်းကျင်လုပ်သားများ အသစ်ထပ်မံခေါ်ယူမည့်ကိစ္စနှင့် အဆိုပါကဏ္ဍတွင် လိုအပ်မည့် ကျွမ်းကျင်မှုများနှင့် စပ်လျဉ်း၍ အသီသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ရှင်းလင်းဆွေးနွေးခဲ့မှုများနှင့်ပတ်သက်၍ ဖိုရမ်သို့ တက်ရောက်လာကြသည့် ဧည့်သည် တော်များမှ သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူ အသီးသီးမှ ပြန်လည်ဆွေးနွေးဖြေ ကြားပေးခဲ့ပြီး ၁၅: ၃၀ နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment