သနပ်ပင်၊ ဒီဇင်ဘာ ၁၆
သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ စာကြည့်တိုက်များဖွံဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးမုခ်ဦးဆိုင်းဘုတ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထိုနောက် စာကြည့်တိုက်ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား သနပ်ပင်မြို့၊အခြေခံပညာအထက်တန်းကျောင်း၊ သီရိဇေယျာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား /ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သိုသွားကြစို”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ ကြပြီး ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်းများကို အခြေ ပြုပြီး စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို ဝင်/ထွက် သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာ အတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ မိမိတိုပဲခူးတိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို မြိုနယ်(၁၄)ခုမှာ (၁၄)ကြိမ် ကျင်းပပေးသွားမှာဖြစ်ပြီး ယနေ့စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် (၁၃)ကြိမ်မြှောက် ကျင်းပပေးခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှုကော်မတီတို့ ပူးပေါင်း၍ ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများကို ကြိုးစားလေ့လာသင်ယူရင်း ဗဟုသုတရဖို့ စာပေများကို ဖတ်ရှုလေ့လာကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သုတ/ရသ စာအုပ်စာစောင်များကိုပေးအပ်လှူဒါန်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနား၌ အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာမကြီးနှင့် စာအုပ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အခြေခံပညာအထက်တန်းအဆင့် ပထမဆုရရှိသောပြိုင်ပွဲဝင် ကျောင်းသူတစ်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ကျပန်းစကားပြောပြီး ကျောင်းသား၊ သူများက သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ရာ အစိုးရအဖွဲဝင် ဝန်ကြီးများမှ သီဆို၊ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/ သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သနပ်ပင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိသော ကျောင်းစာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ပညာရေးဆိုင်ရာပြခန်းနှင့် သုတ/ရသ စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးအား သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment