၂၀၂၄၊ ဒီဇင်ဘာ ၉
ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို အစိုးရဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းများ သိမ်းယူလိုက် ပြီးနောက် ဆီးရီးယားသမ္မတ အာဆက်က ထွက်ပြေးသွားသည်။ ဆီးရီးယားကို နှစ်ပေါင်းများစွာ မင်းမူလာသည့် သမ္မတ အာဆက်ထွက်ပြေးသွားတာနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဝမ်းသာကြောင်း ပြောဆိုသွားသည်။
“ဝါရှင်တန်အစိုးရအနေနဲ့ သမ္မတဘာရှာအာဆက်ကို ထောက်ခံသူတွေအား အားနည်းစေအောင် လုပ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့သော ၂ပတ်အတွင်း စစ်သွေးကြွများ၏ လျှတ်တပြတ်ထိုးစစ်က တရာမျှတမှုကို အခြေခံတဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ဆီးရီးယားနိုင်ငံသားများအတွက် သမိုင်းဝင် အခွင့်အရေး အခိုက်အတန့်ဖြစ်ပါတယ်” ဟု ဘိုင်ဒန်က တနင်္ဂနွေနေ့က အိမ်ဖြူတော်မှ ဗီဒီယိုမိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည် ။
“ အာဆက်ရဲ့ ကျောထောက်နောက်ခံတွေ ဖြစ်တဲ့ အီရန်၊ လဘနွန်အခြေစိုက် ဟစ္စဘိုလာ နဲ့ရုရှားတို့က အားနည်းလာတဲ့အတွက် အာဆက်ပြုတ်သွားရတာပါ။ ကျွန်တော် သမ္မတတာဝန် စပြီးထမ်းဆောင်တဲ့ အချိန်တုန်းကဆိုရင် သူတို့က တော်တော်ကြီးကို အားကောင်းခဲ့တာပါ။ ကျနာ်တို့ရဲ့ ဝင်ရောက်စွက်ဖတ်မှုက အရှေ့အလယ်ပိုင်းမှာ အာဏာချိန်ခွင်ညှာ ညှိပေးလိုက်တာပါပဲ” ဟု ဆိုသည်။
ဆီးရီးယားမြောက်ပိုင်းမှ စစ်သွေးကြွများကို အမေရိကန်က နှစ်ပေါင်းများစွာကြာအောင် ထောက်ပံ့ပေးပြီး ပြည်တွင်းစစ်ကို ရှည်ကြာစေရန် ပြုလုပ်ထားသည်။ သမ္မတ အာဆက်ရဲ့ ရေနံမြေများနှင့် စီပွားဖြစ်သောမြေများကို ထိန်းချုပ်နိုင်ရန်အတွက် စစ်သွေးကြွများကို ထောက်ပံ့ပေးပြီး ဆီးရီးယားမြေပေါ်တွင် တပ်စွဲထားသည်။ အဓိကအကြောင်းအရင်းကမူ အရှေ့အလယ်ပိုင်းတွေ အီရန်နိုင်ငံ၏ ဩဇာကို ထိန်းချုပ်ရန်နှင့် အစ္စရေးနိုင်ငံကို တည်တံ့ခိုင်မြဲစေရန်အတွက် ဖြစ်သည်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment