ထရမ့်ရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ဇီလန်စကီ ပယ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်ရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ဇီလန်စကီ ပယ်ချ


၂၀၂၄၊ ဒီဇင်ဘာ  ၉

ပြင်သစ်နိုင်ငံကိုရောက်ရှိနေတဲ့ ရွေးကောက်ခံ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အား ပြင်သစ်သမ္မတ မာခရွန်က ပွဲစားလုပ်ကာ ယူကရိန်းသမ္မတ ဇီလန်စကီ နှင့်တွေ့ဆုံစေခဲ့သည်။ သူတို့၂ ဦး ၃ကြိမ် တွေ့ဆုံပြီးနောက် ထရမ့်တောင်းဆိုသည့် အပစ်အခတ်ရပ်ဆဲရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အချက်အလက်များကို ဇီလန်စကီက ပယ်ချခဲ့သည်ဟု သိရပါသည်။ 

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ထရမ့်က ၎င်း၏ဆိုရှယ်မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်သော Truth တွင် “ အပစ်ရပ်ရေးနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးပွဲက ချက်ခြင်းစသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သဘောတူညီမှုတစ်ရပ်ရပ်ကို စလုပ်လိုက်ပေါ့။ ယူကရိန်းတွေ ရူးနေတာကို ရပ်လိုက်ဖို့သင့်တယ်”ဟု ရေသားဖော်ပြခဲ့ပါသည်။ 

ဇီလန်စကီ၏ အိတ်စ်မီဒီယာ ( ယခင်တွစ်တာ) အကောင့်တွင်မူ “ ပြဿနာတစ်ရပ်ကို စာရွက်လေးတစ်ရွက် ပေါ်မှာ လက်မှတ်လေး နည်းနည်းထိုးပြီး ရှင်းရှင်းလင်းလင်း အဆုံးသတ်လိုက်တယ်ဆိုတာက မဟုတ်သေးပါဘူး။ ဒီအတိုင်း ပြီးသွားလို့မရဘူးလေ။ အာမခံချက်မရှိတဲ့ အပစ်အခတ်ရပ်ဆဲရေးက ယူကရိန်းကို ပြန်လည်ထူထောင်ဖို့နဲ့ ယူကရိန်းသားတွေကို ပေးရမယ့် ငြိမ်းချမ်းရေးအတွက် အရေးကြီးပါတယ်။ နောက်ပြီး ရုရှားတွေ ကျူးကျော်ခဲ့တယ်ဆိုတာကို မျက်စေ့ပိတ်ပြီး ငြင်းလို့မရပါဘူး” ဟု ရေးတင်ခဲ့သည်။ 

ထရမ့်ကတော့ သမ္မတရာထူးလက်ခံပြီး ၂၄ နာရီအတွင်း ယူကရိန်း- ရုရှား စစ်ပွဲကို အဆုံးသက်ပေးပါမည် ဟု ကြွေးကျော်ကာ ရွေးကောက်ပွဲ ဝင်ခဲ့ခြင်းဖြစ်သည်။ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်း များစွာကို ယခင် ဘိုင်ဒန်အစိုးရက ဖြုန်းခဲ့သည်ဟုလည်း ဝေဖန်ခဲ့သည်။ 

ရုရှား ဘက်ကလည်း ပဋိပက္ခကို လက်လွတ်စပယ် ရပ်လိုက်လို့မရကြောင်း၊ ရုရှားမြေထဲက ယူကရိန်းတပ်များ ဆုတ်ခွာရန်၊ ရုရှားစကားပြော လူမျိုးများ၏ လွတ်လပ်မှု အမှန်တကယ်ရရန်လိုကြောင်း တောင်းဆိုထားသည်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)