အမေရိကန်နဲ့ အကြမ်းဖက်အုပ်စုတွေ တိုက်ရိုက်ဆက်သွယ်နေဆဲဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်နဲ့ အကြမ်းဖက်အုပ်စုတွေ တိုက်ရိုက်ဆက်သွယ်နေဆဲဟုဆို


၂၀၂၄၊ ဒီဇင်ဘာ ၁၅ ( တနင်္ဂနွေနေ့)

ဒီဇင်ဘာလ ၈ ရက်နေ့က ဆီးရီးယားမြို့တော် ဒမက်စကတ် ကို တိုက်ခိုက်သိမ်းပိုက်ပြီး သမ္မတ အာဆက်ကို တိုင်းပြည်ကထွက်ပြေးစေခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေကို ခေါင်ဆောင်ခဲ့တာ HTS ဂျီဟတ် အကြမ်းဖက် လက်နက်ကိုင်တွေ ဖြစ်ပါတယ်။ 

အဲဒီအဖွဲ့နဲ့ အမေရိကန်အစိုးရ က တိုက်ရိုက်အဆက်အသွယ်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ အန်တိုနီဘလင်ကန်ကိုယ်တိုင်ကို က ထုတ်ပြောထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားမှာ အစိုးရဆန့်ကျင်ရေးအဖွဲ့ပေါင်းစုံ က ဘက်ပေါင်းစုံကနေ တိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ အဲ့ဒိအဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့ HTS အဖွဲ့ခေါင်းဆောင် အဘူမိုဟာမက် အယ်လ်ဂျူလာနီ ဆိုတာက အရင်တုန်းက အယ်ကိုင်ဒါ ဂျီဟတ်အဖွဲ့ ခေါင်းဆောင် အာမက်အယ်လ် ရှာအာရာဖြစ်ပါတယ်။ အဲဒီ ခေါင်းဆောင်ကို ဖမ်းဖို့အတွက် အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်ထားပါတယ်။ ပြီးတော့ သူ့အဖွဲ့ကိုလည်း အမေရိကန်က အကြမ်းဖက်အဖွဲ့ ဆိုပြီး စာရင်ထားတာလည်းရှိပါတယ်။ 

စနေနေ့က ဂျော်ဒန်နိုင်ငံ အက္ကဘာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ HTS နှင့် အဆက်အသွယ်များကို ဘလင်ကန်က အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ ဒမတ်စကတ်တွင် ယခု အာဏာကိုင်ထားသည့်အဖွဲ့နှင့် အမေရိကန်က ဆက်သွယ်ပြောဆိုခြင်း ရှိ၊ မရှိ မေးမြန်းသောအခါ ဘလင်ကန် က "ဟုတ်ကဲ့၊ ကျွန်တော်တို့ HTS နဲ့ရော  တခြားပါတီတွေနဲ့ပါ အဆက်အသွယ်လုပ်ထားပါတယ်"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ သူက “ဒါက တိုက်ရိုက်ဆက်သွယ်တာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။ 

ဆီးရီးယား အတိုက်အခံများက အစိုးရတပ်များကို ထိုးစစ်ဆင်နေစဉ် ခရစ်ယာန်များနှင့် ကာ့ဒ်များအပါအဝင် ဆီးရီးယား၏ လူမျိုးရေး၊ ဘာသာရေး နဲ့ လူနည်းစုများကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ POWs ( စစ်အကျဉ်းသားများ) နှင့် အရပ်သားများကို ကွပ်မျက်သည့် အာဆတ်ဆန့်ကျင်ရေးအဖွဲ့ အမျိုးမျိုး၏ ဗီဒီယိုအများအပြားသည် အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာနေပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)