အောင်လံ၊ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ နိုဝင်ဘာ ၁၃ ရက်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တာဝန်ရှိသူများက အောင်လံမြို့နယ်ပြည်သူ့ဆေးရုံရှိ ကျောက်ကပ် သန့်စင်စက်နှင့်ဆက်စပ်ပစ္စည်း၊ အလှူငွေများလှူဒါန်းအပ်နှံပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အောင်လံမြို့၊ တိုက်ခွဲအမှတ် (၃၂)၊ သဲအင်းဂူဆရာတော်ဘုရားကြီးနှင့် ဥပသကာအဖွဲ့ဝင် ဦးမောင်မောင်လွင်မှ လှူဒါန်းရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး အောင်လံမြို့၊ သဲအင်းဂူဆရာတော်ဘုရားကြီး၏ ဥပသကာအဖွဲ့နှင့် အလှူရှင်များမှ စက်ပစ္စည်းနှင့်လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ကျောက်ကပ်သန့်စင်စက် ဖြစ်မြောက်ရေးကော်မတီကိုယ်စား အောင်လံမြို့နယ်၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်မှ ကျေးဇူးတင်ဝမ်းမြောက်စကားနှင့်ရှေ့လုပ်ငန်းများအား ရှင်းလင်းတင်ပြ ပေးခဲ့သည်။
ဆက်လက်၍ ကျောက်ကပ်သန့်စင်စက် Center သို့ လှည့်လည်ကြည့်ရှု၍ အောင်လံ မြို့နယ်ပြည်သူ့ဆေးရုံအတွင်း ဆေးကုသခံယူနေသောလူနာများအား ကြည့်ရှုအားပေးခဲ့ပြီး၊ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အာကာ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment