ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာ၌ ပရိယတ္တိသာသနာပါလက အာဂုံပြန်ရေးဖြေစာပွဲတော်ကြီးအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာ၌ ပရိယတ္တိသာသနာပါလက အာဂုံပြန်ရေးဖြေစာပွဲတော်ကြီးအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

 


ပင်းတယ ,  ဒီဇင်ဘာ ၁၅

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာ၊ ကျောက်တောကျောင်း၌ ဒီဇင်ဘာလ (၁၁)ရက်နေ့မှ ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၆၈)ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၇၀)ကြိမ်မြောက် အာဂုံစာပြန်ပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်သည်ဖြစ်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် တရားတော်နာမင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အလှူရှင်မိသာစုများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပရိယတ္တိသာသနာပါလကအာဂုမ်ပြန်ရေးဖြေစာပွဲတော်ကြီး အောင်လက်မှတ်ဆက်ကပ် လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားအား ကျင်းပပြုလုပ်ရာ စာပွဲတော်အောင်သံဃာတော်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက အောင်လက်မှတ်များနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် အလှူရှင်မိဘပြည်သူများကလည်း စာပွဲတော်အောင်သံဃာတော်များအား အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသူများက ပင်မှီတောရကျောင်းဆရာတော်ဘုရားကြီးအား ကန်တော့ကြပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌထု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

ယနေ့တွင် ကျင်းပပြုလုပ်သည့် (၆၈)ကြိမ်မြောက်စာလျှောက်မေးပွဲတော်ကြီးနှင့် (၇၀) ကြိမ်မြောက် အာဂုမ်စာပြန်ပွဲတော်ကြီးတွင် ဓနုဒေသအတွင်းကျောင်းတိုက်အသီးသီးရှိ သံဃာတော်များမှ မူလငယ်တန်းအဆင့်၊ မူလကြီးတန်းအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်တို့တွင် စာပြန်စာဖြေဝင်ရောက်ဖြေဆိုသည့် သံဃာစုစုပေါင်း (၉၃၅) ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ (၉၂၈) ပါး  အောင်မြင်ခဲ့ကြောင်းနှင့် အဆိုပါပရိယတ္တိသာသနာပါလက အာဂုမ်ပြန်ရေးဖြေစာပွဲတော်ကြီးအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေအတွင်းရှိ ဗုဒ္ဓဘာဘာဝင်အလှူရှင်များက စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လာရောက်ဆက်ကပ်လှူဒါန်းကြပြီး ဈေးရောင်းပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရဲထက်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)