မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀၂၄ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာနှစ်ပတ်လည်အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀၂၄ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာနှစ်ပတ်လည်အစည်းအဝေးတက်ရောက်


စစ်ဆောင်ပန်းနား၊ ဒီဇင်ဘာ ၁၁

၂၀၂၄ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာနှစ်ပတ်လည် အစည်းအဝေးကျင်းပသည့် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ်အဖွဲ့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက် က ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာ နှင့် တရုတ်နေ့စဉ်သတင်းစာတိုက် အာရှပစိဖိတ်ရုံးခွဲတို့က အတူတကွ အဆိုပြုတည်ထောင်ခဲ့သည်။ အဆိုပါမီဒီယာမဟာမိတ်အဖွဲ့က ဒေသတွင်းမီဒီယာမှ အတည်ပြုပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းအပြင် သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်သည့် ပထမဆုံး မီဒီယာပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့လည်းဖြစ်သည်။ 

ပြည်ပမီဒီယာအဖွဲ့အစည်း ၄၀ ကျော်၊ တရုတ်ပြည်တွင်းမီဒီယာအဖွဲ့အစည်း ၅၀ ကျော်နှင့် ဗဟိုအစိုးရမီဒီယာ၏ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖွဲ့အစည်းများပါဝင်ပြီး မြန်မာ နိုင်ငံကလည်း အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိသည်။ 

ယင်းအခမ်းအနားကို တောင်အာရှ၊ အရှေ့တောင် အာရှပြန်ကြားရေးစင်တာက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံယူနန်ပြည်နယ် စစ်ဆောင်ပန်းနားရှိ Mekong River Jing Land Hotel, Peacock ခန်းမ၌ ၉-၁၂-၂၀၂၄ ရက်နေ့ ညနေပိုင်းက ကျင်းပသည်။

ဦးစွာ ပါတီအတွင်းရေးမှူးနှင့် Yunnan Daily Press Group ဥက္ကဋ္ဌ He Zukun က အဖွင့်မိန့်ခွန်း ပြောကြားပြီး ၂၀၂၄ SSAMN Cooperation Achievements Short မှတ်တမ်းဗီဒီယိုကို ပြသကာ အမြဲတမ်းကော်မတီအဖွဲ့ဝင် CPC ယူနန် ပြည်နယ်ကော်မတီ၏ အများပြည်သူဆိုင်ရာဌာန အကြီးအကဲ Zeng Yan၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Neth Pheaktra၊ China Daily ၏ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး ချုပ် Zhu Baoxia ၊ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ၏ထုတ်ဝေရေးနှင့် လေ့ကျင့်ရေးဘုတ်အဖွဲ့ ဒုတိယအကြီးအကဲ Vansay Tavinyan၊ သတင်းစာအယ်ဒီတာချုပ် Pasaxon၊ ထိပ်တန်းပါတီဝင်များအဖွဲ့မှ Wu Xu အဖွဲ့ဝင်နှင့် တရုတ်နိုင်ငံလုံးဆိုင်ရာ သတင်းထောက်များအသင်း၏ အတွင်းရေးမှူးတို့က အဖွင့်အမှာစကားပြောကြားကြသည်။

ယင်းနောက် စာတမ်းဖတ်ကြမည့် ဧည့်သည်တော်များက မိတ်ဆက်စကားပြောကြားသည်။

ဆက်လက်၍ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာ တောင်အာရှနှင့် အရှေ့တောင်အာရှ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်ဌာနများ၊ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖွဲ့များနှင့် ၂၀၂၅ ခုနှစ် မီဒီယာပူးပေါင်းဆောင်ရွက်မှု စာချုပ်လက်မှတ်ရေးထိုးပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံအပါအဝင် တောင်အာရှ၊ အရှေ့တောင်အရှ နိုင်ငံတကာမီဒီယာပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းကို တက်ရောက်ဖွင့်လှစ် ပေးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မိတ်ဖက်မီဒီယာအဖွဲ့များ နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော် ဦးစီးအဖွဲ့ဝင်ငါးဦး တက်ရောက်ခဲ့သည်။


 MK

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)