မြစ်သား , ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသား၊ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူအများရှေ့၌ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့မအနောက် အ.မ.ကကျောင်းမှ စာဖတ်ရည်ပြိုင်ပွဲဝင် (၁၃)ဦးတို့ ယှဥ်ပြိုင်ခဲ့ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်မှလည်းကောင်း၊ ဓါတ်ပုံကျွမ်းကျင်-၂ ဒေါ်ဝါဝါမြင့်မှလည်းကောင်း ဆုများအသီးသီးချီမြှင့်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲနှင့် လွတ်လပ်ရေးနေ့ နံရံကပ်စာစောင်ပြပွဲတွင် မြို့မအနောက် အ.မ.က ကျောင်းမှ ကျောင်းသား၊ကျောင်းသူများကို လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လွတ်လပ်ရေးနေ့ နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲနှင့် ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ မြို့မအနောက်(အ.မ.က)ကျောင်မှ ကျောင်းသား၊ကျောင်းသူများ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment