နေပြည်တော်၊ ဒီဇင်ဘာ ၆
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို တက်ရောက်လာသည့် ဒီမိုကရေစီပါတီသစ်(ကချင်) ၏ အတွင်းရေးမှူး ဦးခေါတိန့် က "လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတယ်။ ပြည်သူလူထုအားလုံးကလည်း ဒီဒုက္ခတွေကို ခါးသီးစွာခံနေရတယ်။ ပြည်သူတွေရဲ့ဆန္ဒက ငြိမ်းချမ်းချင်တယ်။ ပြည်သူအားလုံးက ရွေးကောက်ပွဲကျင်းပဖို့ ဆန္ဒရှိကြတယ်။" ဟု ပြောဆိုသည်။
ဦးခေါတိန့် က "ရွေးကောက်ပွဲမှာ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ ရွေးကောက်ပွဲကျင်းပဖို့ လုပ်ငန်းစဉ်ပါဝင်ပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ရွေးကောက်ပွဲကျင်းပပေးပြီး တက်လာတဲ့အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်သွားဖို့ ရွေးကောက်ပွဲကမဖြစ်မနေ ကျင်းပရမယ်။ အခု နိုင်ငံရေးအခြေအနေအရ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတယ်။ ပြည်သူလူထုအားလုံးကလည်း ဒီဒုက္ခတွေကို ခါးသီးစွာခံနေရတယ်။ ပြည်သူတွေရဲ့ဆန္ဒက ငြိမ်းချမ်းချင်တယ်။ ပြည်သူအားလုံးက ရွေးကောက်ပွဲကျင်းပဖို့ ဆန္ဒရှိကြတယ်။ လက်ရှိအခြေအနေက နယ်မြေလုံခြုံ တည်ငြိမ်ရေးအတွက် အခက်အခဲတွေရှိတယ်။ တစ်ဖက်က လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အချို့တွေဆိုရင် ရွေးကောက်ပွဲလုံးဝ မကျင်းပရဘူးလို့ ပြောဆိုနေကြတာတွေရှိတယ်။ နိုင်ငံရေးအရ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးသွားပြီဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ပျောက်ကွယ်သွားမယ့်အနေအထားရှိပါတယ်။ အဓိကက ပြည်သူ လူထုဆန္ဒမဲပေးနိုင်ရေးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။" ဟု ရှင်းလင်းပြောဆိုသွားသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment