ဗီယက်နမ်နှင့်ပွဲကို အနိုင်ကစားရန် မြန်မာ့လက်ရွေးစင်အသင်းကို ဦးဇော်ဇော် တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယက်နမ်နှင့်ပွဲကို အနိုင်ကစားရန် မြန်မာ့လက်ရွေးစင်အသင်းကို ဦးဇော်ဇော် တိုက်တွန်း



ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ASEAN Mitsubishi Electric Cup 2024 မြန်မာအသင်းက လာအိုအသင်းကို (၃-၂) ဖြင့် အနိုင်ရရှိသော ပွဲစဉ်အပြီး မြန်မာ့လက်ရွေးစင်ကစားသမားများအား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က တွေ့ဆုံပြီး ဗီယက်နမ်နှင့်ပွဲစဉ်တွင် အနိုင်ကစားရန် တိုက်တွန်းပြောဆိုသွားခဲ့သည်။

ဦးဇော်ဇော် က "မင်းတို့ဘက်ကနေ အကောင်းဆုံးဖြစ်အောင်လုပ်၊ ဒီည အေးအေးဆေးဆေးနား။ ဆေးအဖွဲ့ကလည်း လိုအပ်တာတွေ ပြည့်စုံအောင် ပြန်လုပ်။ ဘယ်သူ့ ဘယ်သူမှ အပြစ်မပြောနဲ့။ ပိုကောင်းတာကိုပဲ စဉ်းစား၊ ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ စဉ်းစား။ ဗီယက်နမ်အသင်းကို သေချာလေ့လာ။ ဘာလုပ်မလဲဆိုတာ စဉ်းစား။ ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူး။ ခေါင်းဆောင် မောင်မောင်လွင်ကလည်း အသင်းသားတွေကို အကောင်းဆုံး ကူညီပံ့ပိုးပေးပါ။" ဟု တိုက်တွန်းပြောဆိုသွားသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်း က “ပရိသတ်ရဲ့အားပေးမှု၊ ကစားသမားတွေရဲ့ ကြိုးစားမှု၊ နည်းပြအဖွဲ့ဝင်တွေရဲ့ ညီညွတ်စွာ ဆောင်ရွက်မှုကြောင့် နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးရခဲ့တာပါ။ ဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုပွဲမှာ မောင်မောင်လွင်က ကံမကောင်းစွာ အဝါကတ်ပြခံရပြီး အင်ဒိုနီးရှားနဲ့ပွဲက အဝါကြောင့် နှစ်ဝါ ဖြစ်သွားတာမို့ ပွဲပယ်ဖြစ်လို့ ဗီယက်နမ်နဲ့ ကစားရမယ့်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ မနက်ဖြန်ကျရင် ဗီယက်နမ်နဲ့ အဝေးကွင်း ကစားရဖို့ ခရီးစသွားရမှာ ဖြစ်ပါတယ်။ ကစား သမားတွေ ခရီးမပန်းဖို့၊ ဒဏ်ရာသက်သာဖို့ ပြင်ဆင်ဆောင်ရွက်သွားမှာပါ။ ဗီယက်နမ်နဲ့ပွဲဟာ အရေးကြီးတာမို့ ရလဒ်ကောင်းရဖို့ ကြိုးစားသွားမှာပါ” ဟု ပြောဆိုသည်။

ဦးဇော်ဇော်အား မီဒီယာများက တွေ့ဆုံမေးမြန်းစဉ် အသင်းဘက်က မှာယွင်းခဲ့တာများအတွက်လည်း ပရိတ်သတ်များကို တောင်းပန်ကြောင်း၊ အမြဲတမ်း အားပေးဝန်းရံပေးတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

ASEAN Mitsubishi Electric Cup 2024 အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရန် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွါထွားပြီဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)