ကယ်လီဖိုးနီးယားမှာ ဗိုင်ရက်စ်တစ်မျိုး ပြန့်နေလို့ အရေးပေါ်အခြေအနေ ကြေညာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယ်လီဖိုးနီးယားမှာ ဗိုင်ရက်စ်တစ်မျိုး ပြန့်နေလို့ အရေးပေါ်အခြေအနေ ကြေညာထား


၂၀၂၄၊ ဒီဇင်ဘာ ၁၉ ( ကြာသပတေးနေ့ )

အမေရိကန်နိုင်ငံ အနောက်ပိုင်း ပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားမှာ H5N1 ငှက်တုတ်ကွေးကြောင့် လူတစ်ယောက် သေဆုံးပြီးနောက်မှာတော့ အရေပေါ်အခြေအနေကို ကြေညာလိုက်ရပါတယ်။ ဆောင်းခိုငှက်တွေ လာနေတဲ့ ရေကန်ကြီးတစ်ခုအရှေ့မှာနေထိုင်တဲ့ လူတစ်ယောက်က ငှက်ကနေ လူကို ကူးစက်နိုင်တဲ့ အလွန်ဆိုးဝါးတဲ့ ငှက်တုတ်ကွေး ကူးစက်ခံလိုက်ရပါတယ်။ ရောဂါပြင်းထန်လို့ ကုသမှု မတတ်နိုင်လိုက်ပါဘူး။ 

ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆင်ကတော့ ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ နွားခြံတွေမှာလည်း ငှက်တုတ်ကွေး ကူးစက်မှုဖြစ်ပွားနေကြောင်း နဲ့ လူတွေကို ကူးစက်မှုက ထင်သလောက်မဖြစ်သေးတဲ့ အတွက် စိတ်မပူဖို့အတွက် ပြောလိုက်ပါတယ်။ 

ဗိုင်းရပ်စ်သည် မတ်လကတည်းက အမေရိကန်နို့စားနွားများမှတစ်ဆင့် ပျံ့နှံ့ခဲ့ပြီး အနည်းဆုံး ပြည်နယ် ၁၆ ခုကို ထိခိုက်ခဲ့ပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ ယခုအချိန်အထိ လူမှလူသို့ကူးစက် ခြင်းအား အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ကယ်လီဖိုးနီးယားတွင် ၃၄ယောက် အပါအဝင် နိုင်ငံတစ်ဝှမ်းတွင် အနည်းဆုံး လူ ၆၁ ဦးကို တွေ့ရှိခဲ့ပါတယ်။ 

"ဤကြေငြာချက်ကြောင့် အစိုးရအေဂျင်စီများသည် ဤရောဂါဖြစ်ပွားမှုကို လျင်မြန်စွာတုံ့ပြန်ရန် လိုအပ်သော အရင်းအမြစ်များနှင့် လိုက်လျောညီထွေရှိစေရန်အတွက် ပစ်မှတ်ထားလုပ်ဆောင်နေတယ်" လို့ နယူဆင် က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်ထုတ်လိုက်ပါတယ်။ "အများပြည်သူအတွက် အန္တရာယ်နည်းပါးနေသေးသော်လည်း  ဤဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရန် လိုအပ်သည့်ခြေလှမ်းအားလုံးကို ဆက်လက်လုပ်ဆောင်သွားပါမယ်" လို့ ဆိုပါတယ်။  H5N1 ဗိုင်းရပ်စ်သည် လူကိုကူးစက်ခြင်းနှင့်ပတ်သက်၍ အထူးအန္တရာယ်များတယ်လို့ ယူဆပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ၂၀၀၃ ခုနှစ်မှစတင်၍ H5N1 ရောဂါကို အတည်ပြုပြီးနောက် လူနာပေါင်း ၈၆၀ ကျော်ကိုမှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပွားသူ ၅၃% ခန့်သေဆုံးခဲ့ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)