ကျွန်တော်တို့ ယူကရိန်းကို ထပ်မပေးနိုင်တော့ဘူးလို့ ပိုလန် ကာကွယ်ရေးဝန်ကြီးဌာန ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်တော်တို့ ယူကရိန်းကို ထပ်မပေးနိုင်တော့ဘူးလို့ ပိုလန် ကာကွယ်ရေးဝန်ကြီးဌာန ပြော


၂၀၂၄၊ ဒီဇင်ဘာ ၁၉ ( ကြာသပတေးနေ့ ) 

၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်း ပဋိပက္ခ ဖြစ်ပေါ်လာပြီးနောက် ပိုလန်နိုင်ငံက ယူကရိန်းနိုင်ငံကို လက်နက် အကူအညီများ ထောက်ပံ့ပေးနေခဲ့ရာမှ ဒီကနေ့တော့ နောက်ထပ်မပေးနိုင်တော့ဘူးလို့ ပိုလန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၂ မှ ၂၀၂၄ အတွင်း ပိုလန်နိုင်ငံက ယူကရိန်းကို ကန်ဒေါ်လာ ၄.၅ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ရာမှာ ၇၀% ကျော်က လက်နက်အကူအညီများဖြစ်ပါတယ်။ 

ပိုလန်ကာကွယ်ရေး ဒုဝန်ကြီး ပါဝယ်ဇီလွီစကီ က “ကျနော်တို့ ယူကရိန်းကို ဆက်လက်ကူညီချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ကာကွယ်ရေးအတွက်လည်း ကျနော်တို့ ချန်ထားရဦးမှာပါ။ ကျနော်တို့ဆီမှာရှိတဲ့ ရုရှားထုတ် MIG-29 တိုက်လေယာဉ်တွေ ကုန်အောင်ပေးပြီးသွားပါပြီ။ ကျနော်တို့ က MIG- 29 တွေနေရာမှာ အမေရိကန်ထုတ် F – 35 ဂျက်တွေနဲ့ အစားထိုးမှာပါ။ ခက်တာက ၂၀၂၆ ကုန်တဲ့အထိ အဲ့ဒိအော်ဒါတွေက ကျနော်တို့ဆီကို ရောက်ဦးမှာ မဟုတ်ဘူး ဖြစ်နေတာပါ။ ကျနော်တို့မှာ နောက်ထပ် ပေးစရာမရှိတော့ပါဘူး။ ကျနော်တို့ပေးတာ လက်ကုန် နေပါပြီ” လို့ ဗုဒ္ဓဟူးနေ့က ရေဒီယိုဇတ်သတင်းဌာနကနေ ပြောဆိုသွားပါတယ်။ 

ပိုလန်နိုင်ငံက နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်လက်နက်အင်အားကို ပြန်လည်တည်ဆောက်နေချိန်ဖြစ်လို့ အသုံးမလိုတော့တဲ့ စစ်လက်နက်ပစ္စည်းတွေကို ယူကရိန်းကို အကုန်ပေးလိုက်ပြီဖြစ်ကြောင်း၊ ကာကွယ်ရေးကို ထိခိုက်နိုင်တဲ့အထိတော့ အကူအညီမပေးနိုင်ကြောင်း၊ ကိုယ်နိုင်ငံအတွက်လည်း ချန်ထားရမှာဖြစ်ကြောင်း ပိုလန် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ကလည်း ပြောဆိုသွားခဲ့ပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)