၂၀၂၄၊ ဒီဇင်ဘာ ၁၉ ( ကြာသပတေးနေ့ )
အစ္စရေးစစ်တပ်က ယီမင်ရှိ ဆိပ်ကမ်းများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး ဟူသီ စစ်သွေးကြွများနှင့် ချိတ်ဆက်ထားသော နေရာများကို ရွေးချယ်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတိုက်ခိုက်မှုသည် မကြာသေးမီက ဟူသီစစ်တပ်၏ လုပ်ရပ်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒီနေ့မနက်စောစောပိုင်းက ယီမင်နိုင်ငံ ဟူသီသူပုန်တွေက အစ္စရေးကို ဒုံးကျည်များနှင့်တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အစ္စရေးလေတပ်က စစ်ဆင်ရေးဆင်နွဲပြီး ယီမင်နိုင်ငံသားပေါင်းများစွာကို ဗုံးခိုကျင်းတွေဆီကိုရောက်အောင်တွန်းပို့နိုင်လိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့ပါတယ်။
ယီမင်နိုင်ငံ၏ မြို့တော် ဆန်နာရှိ ဆိပ်ကမ်းများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများ အပါအဝင် စစ်ဘက် ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနေသည်ဟု IDF မှ အခိုင်အမာယူဆထားသည့် တည်နေရာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက X မီဒီယာ (ယခင်တွစ်တာ) မှာ တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ပစ်မှတ်အများစု အရပ်ဘက်ကိုရည်ညွှန်းနေတယ်လို့ ဆိုပါတယ်။ IDF ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆာလစ်ဖ် ဆိပ်ကမ်းတွင် ၇ဦးနှင့် ရာအီစလာဆိပ်ကမ်းရှိ ရေနံစက်ရုံတွင် နှစ်ဦးအပါအဝင် လူကိုးဦး သေဆုံးခဲ့ကြောင်း ဟူသီ မီဒီယာရုံး၏ လက်ထောက်အကြီးအကဲ က ပြောကြား ခဲ့ပါတယ်။ အစ္စရေးတို့သည် မြို့တော်ရှိ ဓာတ်အားပေးစက်ရုံနှစ်ရုံကို တိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲရလဒ်ကို ပြသနေသည့်ပုံများကို မျှဝေခဲ့ကြောင်းကိုလည်း ၎င်းက ရေးသားဖော်ပြခဲ့ပါတယ်။
ဟူသီသူပုန်များသည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေး ကုန်ကျစရိတ်ကို မြင့်တက် စေရန် ပင်လယ်နီအတွင်း အသွားအလာများတဲ့ ပင်လယ်ကူးသင်္ဘောတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်နေပါ တယ်။ ယီမင်နိုင်ငံနဲ့ထိစပ်နေတဲ့ ပင်လယ်နီအတွင်းက ရေပိုက်နက်ကို ပိတ်ဆို့ရန် ကြိုးပမ်းနေပြီး လပေါင်းများစွာကြာအောင် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပါတယ်။
အစ္စရေးအနောက် ဂျေရုစလင်အစိုးရကတော့ ဟူသီလက်နက်ကိုင်တွေက အကြမ်းဖက်သမားတွေဖြစ်ကြောင်း၊ အစ္စရေးရဲ့ ရန်သူဖြစ်တဲ့ အီရန်ကိုကြောထောက်နောက်ခံပြုထားကြောင်း၊ ပင်လယ်နီအတွင်း ကုန်သင်္ဘောတွေကို တိုက်ခိုက်နေတာက ကမ္ဘာကို ခြိမ်းခြောက်နေကြောင်း၊ ဟူသီသူပုန်တွေက ဂါဇာမှာရှိတဲ့ ဟားမတ် သူပုန်တွေကို ထောက်ပံ့နေကြောင်း၊ အဲ့ဒိအရာကိုလည်း မရ ရအောင် ဟန့်တားမည်ဖြစ်ကြောင်း ဆိုသွားပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment