(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒိုးပင်ဆိပ်-(ရန်ကုန်-ပုသိမ်)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒိုးပင်ဆိပ်-(ရန်ကုန်-ပုသိမ်)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်





ကန်ကြီးထောင့်၊ ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ဒိုးပင်ဆိပ်-(ရန်ကုန်-ပုသိမ်)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့က တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးမင်းသိန်းက ကွန်ကရစ်လမ်းဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့‌နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီးဌာနဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)တို့က ဒိုးပင်ဆိပ်-(ရန်ကုန်-ပုသိမ်)လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဧည့်သည်တော်များက ဖွင့်လှစ်ပြီးသော ဒိုးပင်ဆိပ်-(ရန်ကုန်-ပုသိမ်)လမ်း ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အဆိုပါကွန်ကရစ် လမ်းသည် အရှည်(ဝ/၂)မိုင်၊ အကျယ်(၁၂)ပေ၊ ထု(၇)လက်မရှိပြီး ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၁၃၅.၉၉၅)သန်းဖြင့် ကောင်းမြတ်ခန့်ညားကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ (၃ဝ-၈-၂ဝ၂၄) ရက်နေ့တွင် လုပ်ငန်းစတင်၍ (၁၆-၁၂-၂ဝ၂၄) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းအုပ်စုရှိ ကျေးရွာ(၃)ရွာ၊ အိမ်ခြေ(၃၈၅)အိမ်၊ လူဦးရေ (၁၆၂၇) ဦးအား အကျိုးပြုသောလမ်းဖြစ်ကြောင်း သိရသည်။


ကျော်ဇင်စိုး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)