အမေရိကန်-အာဆီယံစင်တာတည်ထောင်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်-အာဆီယံစင်တာတည်ထောင်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်



ဝါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၁၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အရီဇိုးနားတက္ကသိုလ်တို့ပူးတွဲ၍ အမေရိကန်-အာဆီယံ စင်တာတည်ထောင်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို  ၁၇-၁၂-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် အရီဇိုးနားတက္ကသိုလ်၊ ဝါရှင်တန်ဒီစီကျောင်းခွဲ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်းသည် ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။ 

အခမ်းအနားသို့ တီမောလက်စ်တေသံအမတ်ကြီးလည်း ပါဝင်တက်ရောက်ခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink၊ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာဌာနမှ တာဝန်ရှိသူများ၊ အာဆီယံသံရုံးများနှင့် မိတ်ဆွေနိုင်ငံများမှ သံတမန်များ၊ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn က ဗီဒီယိုဖြင့် မိန့်ခွန်းပေးပို့ပြောကြားခဲ့ပြီးနောက် အာဆီယံကော်မတီဝါရှင်တန်၏ကိုယ်စား အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အမေရိကန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Dato' Seri Mohamed Nazri Abdul Aziz ၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink ၊ အရီဇိုးနားတက္ကသိုလ်မှ Vice President (Strategic and Technology Initiatives) Mr. Kevin McGinnis နှင့် အမေရိကန်-အာဆီယံစင်တာ၏ ညွှန်ကြားရေးမှူး Ms. Anh Hoang တို့က လွန်ခဲ့သည့် နှစ်အတွင်း အမေရိကန်-အာဆီယံစင်တာ၏လှုပ်ရှားဆောင်ရွက်မှုများနှင့် “အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” ပိုမိုတိုးတက်စေရန်အတွက် အမေရိကန်-အာဆီယံစင်တာ၏အရေးပါမှုတို့နှင့် ပတ်သက်၍ မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink နှင့် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)