စစ်ကိုင်း ၊ ဒီဇင်ဘာ ၆
စစ်ကိုင်းခရိုင်တရားရုံးက ဖမ်းဆီးရမိ နီပိန်း ပဒက် အကြမ်းဖက်သမား တရားခံ (၂) ဦးအား ၄-၁၂-၂၀၂၄ ရက်တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများအတွက် လိုအပ်သော လည်တိုဖိနပ် ၂၅၀ ရံ၊ ၁ ရံလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ၃၇၅၀၀၀၀ ကျပ်နှင့် K Power တံဆိပ်ပါခြေအိတ်အရှည် ၂၅၀ရံ၊ ၁ ရံလျှင် ၂၀၀၀ကျပ်နှုန်းဖြင့် ၅၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၄၂၅၀၀၀၀ ကျပ် တန်ဖိုးရှိ ပစ္စည်းများအား Toyota Dyna ၆ ဘီးယာဉ်ဖြင့် သယ်ဆောင်လာသည့် တရားခံ စိုးနိုင်လင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
စစ်ကိုင်းမြို့၊ မြောက်ဘော်ဒါရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိခြင်း၊ PDF အကြမ်းဖက် ပြည့်ဖြိုးနိုင်(ခ)ငပြည့်(ခ)ငကြွက်၊ ငသိန်း တို့နှင့်အတူ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများသွားလာသည့် လူစည်ကားရာ နေရာများအား မိုင်းထောင်ဖောက်ခွဲရန်တိုင်ပင်ပြီး မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ စိုင်းအောင်ခိုင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့်ထောင် ဒဏ် ၁၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment