ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် (၄) နှစ်သင်ပညာရေး သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် (၄) နှစ်သင်ပညာရေး သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်




လွိုင်ကော် ,  ဒီဇင်ဘာ ၆


ကယားပြည်နယ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်(၄)နှစ်သင်ပညာရေးသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ဒီဇင်ဘာ(၄)ရက်နေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်သီချင်းအား  Zumba အကဖြင့် လှပညီညာစွာ ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အခမ်းအနားအစီအစဉ်အား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ နေထိုင်စားသောက်မှုနှင့် အစစအဆင်ပြေချောမွေ့စေရေးအတွက် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်သည် အစဉ်အလာကောင်းများရှိသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ သည်လည်း ဘက်စုံထူးချွန်ကြသူများဖြစ်ပါကြောင်း၊ ယင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြစေလိုကြောင်း၊  သင်တန်းပြီးဆုံးပါက လုပ်ငန်းခွင်သို့ ဝင်ရောက်ကြရာ တွင် မိမိ၏တပည့်များအား လူတော်လူကောင်းများ၊ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်အောင် သင်ကြားပြသနိုင်သည့် ဆရာကောင်းများအဖြစ် ကြိုးစားကြစေလိုကြောင်း၊ သို့မှသာ အနာဂတ်လူငယ်မျိုးဆက်များအနေဖြင့် အရာရာတွင် ပညာဉာဏ်နှင့်ယှဉ်ပြီး ဆုံးဖြတ်နိုင်စွမ်းရှိသော လူချွန်လူကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နေရာဒေသအစုံမှ လာရောက်ပညာသင်ကြားကြသည့် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်းစည်းလုံးချစ်ခင်စွာ နေထိုင်ကြပြီး ကျောင်း စည်းကမ်းများကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက (၄)နှစ်သင်ပညာရေးသင်တန်းသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ မောင်မယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် (၄) လစာ ဆန်၊ ဆီနှင့် နေ့စဉ်စားသောက်စရိတ်များကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ပြည်နယ်စီးပွားရေးရာဝန်ကြီးက စားရိပ်သာသုံးပစ္စည်းများ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေပေးအပ်ရာ အဆောင်မှူးချုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ၎င်းနောက် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်တွင် ပညာသင်နှစ်အလိုက် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် တေးသရုပ်ဖော် ကပြဖျော်မှုများအား  ကြည့်ရှုအားပေးခဲ့ကြပြီး ကပြဖျော်ဖြေခဲ့ကြသည့် အကအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ရာ အကအဖွဲ့များကိုယ်စား ကိုယ်စားလှယ် ၂ ဦးက လက်ခံရယူခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)