ဆီးရီးယားပြဿနာမှာ သူတို့လည်းဝင်ပါမယ်လို့ ဟစ္စဘိုလာတွေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီးရီးယားပြဿနာမှာ သူတို့လည်းဝင်ပါမယ်လို့ ဟစ္စဘိုလာတွေဆို


၂၀၂၄၊ ဒီဇင်ဘာ ၆ 

လက်ဘနွန်အခြေစိုက် ဟစ္စဘိုလာစစ်သွေးကြွအုပ်စု ခေါင်းဆောင်တစ်ဦးက သူတို့အနေနဲ့ ဆီးရီးယားအစိုးရ၏ ဂျီဟတ်များကို တိုက်ခိုက်မှုအား ကူညီမည်ဖြစ်ပြီး ဒမတ်စကတ်စ်အစိုးရကို ထောက်ပံ့ရန် အာရပ်နိုင်ငံများအား တောင်းဆိုထားသည်ဟု  ကြာသပတေးနေ့က မိန့်ခွန်းတစ်ခုတွင်ပြောကြားခဲ့သည် ။

"ဆီးရီးယား အပေါ် ရန်လိုမှုကို အမေရိကနှင့် အစ္စရေး က ထောက်ပံ့ပေးခဲ့သည်" ဟု နီမ် ကတ်ဆမ် က အခိုင်အမာ ပြောဆိုခဲ့ပါသည်။ 

အစိုးရဆန့်ကျင်ရေး အုပ်စုအသီးသီးက သမ္မတ ဘာရှာ အာဆတ်အစိုးရကို ဖြုတ်ချနိုင်ရန် ကြိုးစားခဲ့သည့်အတွက် ဆီးရီးယားနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ စတင်၍ ကြာရှည်သည့် စစ်ပွဲတစ်ခုထဲ ကျရောက်သွားပါသည်။ ဂျီဟတ် တပ်ဖွဲ့ များ၊ အထူးသဖြင့် နိုင်ငံခြားတိုက်ခိုက်ရေး သမားများကို စစ်ရေးအရ ကူညီပေးရာနေရာ၊ စစ်ရေးကစားစရာ ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါသည်။ 

အမေရိကန်နှင့် အနောက်အုပ်စုများက “အာဆက်အစိုးရ ပြုတ်ကျစေရမည်။ တော်လှန်ရေး မှန်ကန်မှုကြောင့် နောက်ဆုံးတွင် အနိုင်ရရမည်” ဆိုပြီး အခိုင်အမာပြောဆိုနေကြပါသည်။ ၂၀၁၅ခုနှစ်တွင် ရုရှားနိုင်ငံက အာဆက်၏ ဒမတ်စကတ် အစိုးရကို လေကြောင်းအကူအညီပေးခဲ့သည့်အတွက် အစိုးရက နိုင်ငံ၏ဒေသ အတော် များများကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ သို့သော် တူရကီနယ်စပ်ရှိ အစ်ဒလစ်ပြည်နယ်နှင့် အချို့ဒေသများကိုမူ မသိမ်းယူနိုင်ခဲ့ချေ။ 

ပြီးခဲ့သည့် သီတင်းပတ်ကမှု HTS လက်နက်ကိုင်သောင်းကျန်သူများက လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် မကြုံစဖူး တိုက်စစ်ထိုးနှက်လာပြီး ဆီးရီးယား ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် အလက်ပိုကို သိမ်းယူနိုင်မိသည့်အထိ ပြင်းထန်ခဲ့ပါသည်။ အစ္စရေးနှင့် လဘနွန်တောင်းပိုင်းက ဟစ္စဘိုလာတို့ကြား ဖြစ်ပွားနေသော စစ်ပွဲကို အမေရိကန်နဲ့ ပြင်သစ်တို့ ပွဲစားလုပ်ပြီး အပစ်ရပ်ရေးညှိနှိုင်းမှုလုပ်ပြီး နောက်တစ်ရက်မှာ ဆီးရီးယား HTS သောင်းကျန်းသူများက တိုက်စစ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ ဟစ္စဘိုလာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကတ်ဆမ်က “အမေရိကန်နဲ့ အစ္စရေးတို့က ဆီးရီးယားမှာ ပရမ်းပတာတွေဖြစ်အောင် ဖန်တီးနေတယ်။ အစ္စရေးက ပါလက်စတိုင်းတွေကို ထိုးစစ်ဆင်နေတာအား ကမ္ဘာ့ အမြင်အာရုံလွှဲဖို့ လုပ်နေတာပါ” ဟု စွတ်စွဲခဲ့ပါသည်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)