တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၁/၂၀၂၄)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ (၁၀/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၁/၂၀၂၄)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ (၁၀/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 



ထားဝယ်  , ဒီဇင်ဘာ ၆


တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၁/၂၀၂၄) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့(၁၀/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းကိစ္စရပ်များသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သောကြောင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်ကို မှန်ကန်စွာဖြင့် လုပ်ဆောင်နိုင်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပြီးဆောင်ရွက် ပေးလျက်ရှိကြောင်း၊  လယ်ယာမြေများအငြင်းပွားမှု တစ်စုံတစ်ရာမရှိစေရေး ဝိုင်းဝန်းပြီးလုပ်ကိုင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် လယ်ယာမြေနှင့်ပတ်သက်၍(၂)ခုရှိ ပြီးစိုက်ပျိုးရေးကနေ လယ်မြေထွက်ရန်၊ သတ်မှတ်အရည်အသွေးနှင့်ပြည့်မီအောင်စိုက်ပျိုးရန်၊  မျိုးကောင်းမျိုးသန့်ရရှိရန် စသဖြင့်လုပ်ကိုင်ဆောင်ရွက်သလို မြေစာရင်းအနေဖြင့်လည်း မြေမှာရှိသော ထွက်နှုန်းများ၊ စိုက်ပျိုးဧကများကောက်ယူထားရှိရမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်ဖြစ်ရန်လိုအပ်ကြောင်း၊  စိုက်ပျိုးရေးအနေဖြင့် ဝမ်းစာဖူလုံမှုတွင် အဓိကစပါး စိုက်ပျိုးနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ မှန်ကန်စွာကောက်ယူရန်လိုအပ်ကြောင်း၊  စိုက်ပျိုးမှုကနေ ထွက်ရှိသော စပါးတင်းအနေဖြင့် ယခင်နှစ်က ဧက နှစ်သိန်းကျော် စိုက်ပျိုးပြီးယခုနှစ်တွင်လည်းထိုနည်းတူ စိုက်ပျိုးထားရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် စပါးထွက်နှုန်းတင်းပေါင်း ၁၆၇ သိန်းကျော်ထွက်ရှိပြီး ယခုနှစ်တွင် လျာထားချက်အနေဖြင့် ၁၇၂ သိန်းကျော် ထွက်ရှိရန်လျာထားကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ဆန်စပါး ၇၃.၄၄ ရာခိုင်နှုန်း ထွက်ရှိသောကြောင့် ဒေသဝမ်းစာ ဖူလုံပြီး ယခုနှစ် ဆန်စပါးသည် ပြီးခဲ့သည်နှစ်များထက် ပိုမိုထွက်ရှိကြောင်း၊  အဓိကအနေဖြင့် ဝမ်းစာဖူလုံမှု ရရှိရေးအတွက် စီမံကိန်းအတိုင်း စိုက်ပျိုးထားရှိရန်၊  ထွက်ရှိမှုနှုန်းအတိုင်းရရှိရန်အတွက်ကို  သိရှိထားရန်လိုအပ်ကြောင်း၊  လယ်ယာများကို စံပြစိုက် ကွက်ဖြစ်အောင် မျိုးစပါးများ၊ ဓာတ်မြေဩဇာများ၊ လိုအပ်သောနည်းစနစ်များ၊ ပိုးသတ်ဆေးများ ထောက်ပံ့ပေးထားမှုများရှိကြောင်း၊  ယခုအခါစံပြကွက်များဧကပေါင်း ၂ သောင်းခန့်ကနေ တဖြည်းဖြည်းတိုးလာကာ စိုက်ပျိုးနိုင်သည့် အနေအထားရှိလာကြောင်း၊ တိုင်းဒေသကြီးအတွင်း သားငါးအနေဖြင့်အနည်းဆုံး ၈၀ ရာခိုင်နှုန်းရှိသည့်အတွက် ဒေသဝမ်းစာဖူလုံပြီးငါးသယံဇာတများပြား သောကြောင့်အဆင်ပြေကြောင်း၊ တိုင်းဒေသကြီးအတွင်း ဒေသဝမ်းစာဖူလုံနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းပြီးကြိုးစားလုပ်ကိုင်ဆောင်ရွက်ပေးကြရန်လို အပ်ကြောင်းပြောကြားသည်။

ထို့နောက်ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးမြေစာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းလင်းဦးက ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကိုဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)