ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများပြုလုပ်

 



ငါန်းဇွန်  , ဒီဇင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်ကလေး ကျန်းမာရေးဌာနတွင် ဒီဇင်ဘာ ၄ ရက်နေ့နံနက် ၈ နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ခင်သူသူဝင်းနှင့် ဝန်ထမ်းများမှ မြို့ပေါ် (၄)ရပ်ကွက်ရှိ မွေးစမှ (၂)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အတူ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။


ထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားများမှာ ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ- မေးခိုင်- အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်ဘိုး စသည့်ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ကာကွယ်ဆေးထိုး မှတ်တမ်းကဒ်များတွင် စနစ်တကျ မှတ်တမ်းရေးသွင်းပေးခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးများကို မြို့ပေါ်(၄)ရပ်ကွက်မှကလေးငယ်များအပြင် အဝေးမှရောက်ရှိနေသည့် ဧည့်သည်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးထိုးရက် မကျော်လွန်စေရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စုစုပေါင်းကာကွယ်ဆေးထိုးနှံသူ ကလေးငယ်(၇၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၇)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကိုကိုနိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)