အလုံ , ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အိအိမွန်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံများအား ဟောပြောခဲ့ပြီး ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၄)အခြေခံပညာမူလတန်း ကျောင်းသား၊ ကျောင်းသူများက လွတ်လပ်ရေးနေ့ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲအား စိတ်ပါဝင်စားစွာလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ယောဧရာ
https://t.me/MyanmarNationalPost
No comments:
Post a Comment