မြောင်းမြ , ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများစာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပစာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေရေးအတွက် (Mobile Library Bus)ဖြင့် ယမန်နေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများသို့ သုတ/ရသ စာအုပ်၊ စာစောင် မျိုးစုံယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ဇေယျာ(မြောင်းမြ)
https://t.me/MyanmarNationalPost
No comments:
Post a Comment