ပြင်ဦးလွင်ပန်းမြို့တော်အား အထောက်အကူဖြစ်စေရန်အတွက် ပန်းမျိုးများထုတ်လုပ်ဖြန့်ဖြူး နည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်ပန်းမြို့တော်အား အထောက်အကူဖြစ်စေရန်အတွက် ပန်းမျိုးများထုတ်လုပ်ဖြန့်ဖြူး နည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်


နေပြည်တော်၊ ဒီဇင်ဘာ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲက တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ဒိုးကွင်ဥယျာဉ်ခြံကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ခြံ၏ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ်ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ပန်းမြို့တော်ကို အထောက်အကူဖြစ်စေ ရန်အတွက် ပန်းမျိုးများထုတ်လုပ် ဖြန့်ဖြူးနည်းပညာ ပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်နှင့် စီးပွား ဖြစ်စိုက်ပျိုးထုတ်လုပ်လိုသူများအတွက် စံနမူနာ ကောင်းပေးနိုင်ရေးအတွက် ကွင်းကျယ်ကွင်းပြည့် စိုက်ပျိုးပြသရန်၊ ရေမြေဒေသနှင့်ကိုက်ညီသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးကောင်း မျိုးသန့်မျိုးစေ့၊ ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် အတူ စိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ အပင်တစ်သျှူးနည်းပညာဖြင့် မြန်မာနိုင်ငံရှိ ဆေးဖက်ဝင်သစ်ခွများအား ပွားများထုတ်လုပ်၍ သစ်ခွစိုက်ပျိုးထုတ်လုပ်သူများအား ပညာပေးရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာ ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Mandalay Coffee Group Co.,Ltd ၏ ကော်ဖီစက်ရုံကို ကြည့်ရှု စစ်ဆေးပြီး ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အကြား သဘောတူညီချုပ်ဆိုထားသည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ဒိုးကွင်ကျေးရွာအနီး ရွာထောင်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဒိုးကွင်ရေလှောင်တမံကို ကြည့်ရှုစစ်ဆေးပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ဌာနပိုင်ဥယျာဉ် ခြံများ၏ စိုက်ပျိုးရေးလိုအပ်ချက် ဖူလုံစွာပေးဝေနိုင် ရေး၊ တမံများဘေးကင်းလုံခြုံရေးနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံး တာဝန်ယထိန်းသိမ်း ချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် စည်သာရေလှောင်တမံ၊ စည်သာရေကူရေလှောင်တမံ၊ ဆင်လမ်းရေလှောင် တမံနှင့် ဒိုးကွင်ရေလှောင်တမံများ၏ ရေသောက် စနစ်များမှ ဒေသ၏ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပေးဝေမှုလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ရေလှောင်တမံများအားလုံးသည် ရေပြည့် အမှတ်အောက် တစ်ပေခန့်စီသာရှိကြောင်း သိရ သည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)