လက်ပံတန်း ,ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးမီးဘေးလုံခြုံစေရေးစစ်ဆေးရာတွင် ဈေးအတွင်း တပ်ဆင်အသုံးပြုသည့် လျှပ်စစ်မီတာနှင့် ဝါယာကြိုးများ စနစ်တကျတပ်ဆင်ထားရှိမှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကျရောက်ခဲ့ပါက လျှင်မြန်စွာ အသုံးပြုနိုင်သည့် မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှုရှိမရှိ၊ ဈေးအတွင်း တပ်ဆင်အသုံးပြုထားသည့် မီးသတ်စက်ရေတွင်း၊ စက်ပစ္စည်းများ၊ မီးသတ်ပိုက်များ အလွယ်တကူအသုံးပြုနိုင်ရေးနှင့် မီးချိတ်မီးကပ်၊ ရေပုံးများစီစဥ်ထားရှိမှု၊ ရေကန်များ ရေစဉ်ဆက်မပြတ်ရရှိအောင် ဆောင်ရွက်ထားရှိမှု စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဘူးအသုံးပြုပုံပြသ၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment