ချောက်, ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူး၍ ဆယ်အိမ်စုမှူးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ချောက်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်က ဆယ်အိမ်စုမှူးသင်တန်းနှင့်ပတ်သက်၍ လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများအား ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်တို့က သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟန်စုကျော်က တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါဖြိုးသဉ္ဇာမင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားများ၏အသက်အရွယ်၊ အလုပ်ချိန်ကန့်သတ်ချက်နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း၊ ချောက်မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမမဝင်းက အသက် ၃ နှစ်မှ အသက် ၅ နှစ်အရွယ် ကလေးများ၏ ဖွံ့ဖြိုးမှုအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက ရေဘေးအန္တရာယ်၊ ဆောင်ရန်၊ ရှောင်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြုအဆင့် ၁ ဒေါ်အုန်းသန်းကဆေးလိပ်နှင့် ဆေးရွက်ကြီးအကြောင်းသိကောင်းစရာများနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စောနန်ထွေးက ကူးစက်ရောဂါနှိမ်နင်းကာကွယ်ခြင်းအကြောင်းများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းလွင်က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအကြောင်းကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်မီမီကျော်က ကျား/မအခြေပြုအကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးအသိပညာပေးခြင်းများကိုလည်းကောင်း၊ ချောက်မြို့မရဲစခန်း ဒုရဲမှူးမင်းမင်းစိုးက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းများကိုလည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေးဟောပြောပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ချောက်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းက သင်တန်းသူများအား ကျန်းမာရေးနှင့်ပတ်သက်သည့်မေးခွန်းများ မေးမြန်းရာ အနီးစပ်ဆုံးဖြေဆိုနိုင်သူများကို ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်နှင့် ယင်လုံအိမ်သာ(၁)လုံးစာ ဆက်စပ်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment