ပခုက္ကူ , ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်း၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဆွေးနွေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ကျင်းပပြုလုပ်သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု ပေါ်လာပုံသမိုင်းကြောင်း၊ ကျားမအခြေပြုအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများ၊ ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များ၊ ဦးစီးအရာရှိ ဒေါ်ချစ်စုအောင်က အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ ဆောင်ပုဒ်ချက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများ၊ အကြမ်းဖက်မှုကိစ္စရပ်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုရပ်တန့်စေရေး ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်း ဟောပြောကြသည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment