မုံရွာ , ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး “ထိန်းသိမ်းစို့လေလွတ်လပ်ရေးအမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက “ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြသထားရှိမှုတို့အား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment