နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆး




နေပြည်တော် , ဒီဇင်ဘာ ၁၆


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆးသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအနီး Shwe Myoh Energy Engineering Co.,Ltd မှ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းလုပ်ငန် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို မှာကြားသည်။ 


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ လက်ပံပုကျေးရွာအနီး လယ်ယာမြေများပေါ်တွင် ရေလွှမ်းမိုးမှုကြောင့် သစ်ပင်သစ်ကိုင်းများ၊ သစ်တုံးများတင်ကျန်နေမှုကို နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ စက်ယန္တရားများဖြင့် ရှင်းလင်းဖယ်ရှားပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ဆောင်းသီးနှံအမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများ ထပ်မံဖြည့်စွက်ပြီး‌ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းမှာကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာကွင်းအမှတ် ၁၄၇၂ တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ယာမြေပေါ်တွင် ဆောင်သီးနှံ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ မတ်ပဲ၊ ဖူးစားပြောင်းနှင့် ခရမ်းချဉ် သီးနှံများစိုက်ပျိုးထားရှိသည့် ဧက ၆၀ စိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေးပြီး တောင်သူများအား စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စွာထွက်ရှိရေးနှင့် သီးထပ်စွမ်းအားများတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲရေး၊ သွင်းအားစုများ စနစ်တက်သုံးစွဲရေးတို့ကို အလေးထားလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားကာ သွင်းအားစုရွက်ဖျန်းမြေဩဇာများကို ပေးအပ်သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအနီးရှိ ဦးသီလကန်အား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်တူးဖော်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ  နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည်မီစေရေး၊ ရေပိုလွဲများ‌၊ ရေထုတ်မြောင်းများကို စနစ်တကျဆောင်ရွက်ရေး၊ စိုက်ပျိုးရေပေးဝေရေးကို စနစ်တကျပေးဝေနိုင်ရေးနှင့် လိုအပ်သည်များကိုမှာကြားသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ရွှေမြို့မွေးမြူရေးဇုန်အတွင်းရှိ ဦးအုန်းခိုင်၏ (Super Cown) နွားမွေးမြူရေးခြံတွင် နို့စားနွားများ မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးရာ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူးက ရွှေမြို့မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် နေပြည်တော်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးပြီး နို့စားနွားများ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)