ပင်းတယမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘိလီယက်စနူကာအားကစား (အကြီးတန်း)ဖိတ်ခေါ်ပြိုင်ပွဲ စတင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘိလီယက်စနူကာအားကစား (အကြီးတန်း)ဖိတ်ခေါ်ပြိုင်ပွဲ စတင်ကျင်းပ



ပင်းတယ , ဒီဇင်ဘာ ၂၆


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘိလီယက်စနူကာ အားကစား(အကြီးတန်း) ဖိတ်ခေါ်ပြိုင်ပွဲကို ဈေးတန်းရပ်ကွက်အတွင်းရှိ “ချန်ပီယံ” ဘိလီယက်စနူကာခုံ၌ ယမန်နေ့နံနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲအား ပင်းတယမြို့နယ်အတွင်းရှိ ဘိလိယက်စနူကာအားကစားဝါသနာရှင် (၄၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ (အငယ်တန်း) အဆင့်ပြိုင်ပွဲတွင် တတိယနေရာနှင့် နောက်ဆုံးဗိုလ်လုပွဲကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲတွင် ဆုရရှိသူများအား (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် တံခွန်စိုက်ချန်ပီယံဆုဖလားနှင့် ဆုတံဆိပ်များ၊ ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ရဲထက်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)