မိုးနဲမြို့နယ် နောင်မြိုင်းကျေးရွာအုပ်စုရှိ နမ့်စလိုင်ချောင်းရိုး တာပေါင်ပြုပြင်နေမှုအား ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ် နောင်မြိုင်းကျေးရွာအုပ်စုရှိ နမ့်စလိုင်ချောင်းရိုး တာပေါင်ပြုပြင်နေမှုအား ကြည့်ရှု




မိုးနဲ , ဒီဇင်ဘာ ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ သဘာဝဘေးရေကြီးနစ်မြုပ်မှု‌ကြောင့် ထိခိုက်ပျက်စီးသွားသော နောင်မြိုင်းကျေးရွာအုပ်စုရှိ နမ့်စလိုင်ချောင်းရိုးတာပေါင်အား တောင်သူများစုပေါင်း၍ ပြန်လည်ပြုပြင်နေမှုအား ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ တောင်သူကိုယ်စားလှယ်များ၊ ကော်မတီဝင်ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မော်ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနဦးစီးမှူး ဦးထွန်းဝင်းတို့က တာပေါင်ပြုပြင်နေမှုအခြေအနေနှင့် ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုအားပေးကာ လုပ်ငန်းအတွက်လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရေကြီးနစ်မြုပ်မှု‌ကြောင့် ထိခိုက်ပျက်စီးခဲ့‌သော မိုးစပါးစိုက်ဧရိယာများတွင်‌ ဆောင်းသီးနှံများပြန်လည်စိုက်ပျိုး‌နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)