ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၁
ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် သည် ၁၉-၁၂-၂၀၂၄ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Fei Shengchao နှင့် ဘရပ်ဆဲလ်မြို့ရှိ တရုတ်သံရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာသံအမတ်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့သည် သက်ဆိုင်ရာ နှစ်နိုင်ငံနှင့် အိမ်ရှင် ဘယ်လ်ဂျီယံနိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများနှင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ရွေးကောက်ပွဲအလွန် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာနှင့် တရုတ် နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ ဘရပ်ဆဲလ်မြို့ရှိ နှစ်နိုင်ငံ သံရုံးများ အကြား ပူးပေါင်းဆောင်ရွက်မှု ပြုသွားနိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment