အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏တတိယအကြိမ် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏တတိယအကြိမ် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက်


ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၁

ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၁၉-၁၂-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ မလေးရှားသံရုံး၌ မလေးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ တတိယ အကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ အကြီးအကဲ/ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ (EU High Representative for Foreign Affairs and Security Policy/ Vice-President of the European Commission-HR/VP)  သစ် ဖြစ်လာသူ Ms. Kaja Kallas နှင့် ABC သံအမတ်ကြီးများ တွေ့ဆုံနိုင်ရေး ကိစ္စ၊ လက်ရှိ  ဥရောပသမဂ္ဂ ပြင်ပ ဆက်ဆံရေးဌာန (EEAS) ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Stefano Sannino သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဥရောပကော်မရှင်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မည်ဖြစ်ရာ ၎င်း၏ နေရာတွင် ဆက်ခံမည့်သူနှင့် ABC သံအမတ်ကြီးများ တွေ့ဆုံနိုင်ရေးကိစ္စ၊ အီးယူနှင့် ဘယ်လ်ဂျီယံနိုင်ငံရှိ နိုင်ငံတကာဆက်ဆံရေးပညာလေ့လာသူများအနေဖြင့် အာဆီယံ၏ တည်ရှိ မှုနှင့် အခန်းကဏ္ဍကို ပိုမိုသိမြင်သဘောပေါက်လာစေရန်အတွက် ABC အနေဖြင့် ဘယ်လ်ဂျီယံ အခြေစိုက် တက္ကသိုလ်များနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်သွားရန်ကိစ္စ၊ ABC သံအမတ်ကြီးများ နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် Gulf Cooperation Council (GCC) အဖွဲ့ဝင်နိုင်ငံများမှ သံအမတ် ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲ ကျင်းပသွားရန် ကိစ္စ၊  အီးယူ၏ “ReFuelEU Aviation” စည်းမျဉ်းက အီးယူဒေသတွင်း၌ ပျံသန်းလျက်ရှိသည့် အာဆီယံနိုင်ငံများမှ လေကြောင်းလိုင်းများအပေါ် သက်ရောက်နိုင်ခြေရှိသည့် အလားအလာများနှင့် ပတ်သက်ပြီး အာဆီယံအနေဖြင့် အီးယူတာဝန်ရှိသူများနှင့် ထိတွေ့ ဆွေးနွေးမှုများ ပြုသွားနိုင်ရေးကိစ္စနှင့် ABC SCOT (ABC Sub-committee on Trade) ၏ လှုပ်ရှားမှုများအား ဆက်လက် ဆောင်ရွက် သွားနိုင်ရေးကိစ္စတို့အား ဆွေးနွေးမှု ပြုခဲ့ကြသည်။

ထို့နောက် ဆွေးနွေးမှုများအပြီးတွင် မလေးရှားသံအမတ်ကြီး H.E. Mr. Dato' Mohd Khalid Abbasi Abdul Razak က အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် ကို ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Jaime Victor B. Ledda ထံသို့ လွှဲပြောင်းပေးအပ်မှု ပြုခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)