ဆီးရီးယားခေါင်းဆောင်သစ်ကို ထုတ်ထားတဲ့ ဖမ်းဝရမ်းဆုငွေ ဒေါ်လာ ၁၀ သန်းကို အမေရိကန်က ရုပ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီးရီးယားခေါင်းဆောင်သစ်ကို ထုတ်ထားတဲ့ ဖမ်းဝရမ်းဆုငွေ ဒေါ်လာ ၁၀ သန်းကို အမေရိကန်က ရုပ်သိမ်း




၂၀၂၄၊ ဒီဇင်ဘာ  ၂၂ ( တနင်္ဂနွေနေ့ ) 

အမေရိကန်အကြီးတန်း သံတမန်တစ်ဦးဖြစ်တဲ့ ဝါရှင်တန်အစိုးရရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ထိပ်တန်းသံတမန် ဘာဘရာလီဖ်က ဆီးရီးယား၏ ခေါင်းဆောင်သစ် အာမက်အယ်လ်ရှာရာ အား အကြမ်းဖက်သမားအဖြစ် ကန်ဒေါ်လာ ၁၀သန်း ဖမ်းဆီးဝရမ်းဆုကြေး ထုတ်ထားခဲ့တာကို ဖယ်ရှားလိုက်ပြီ လို့ သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။  

ဝါရှင်တန်အစိုးရက ၎င်းအား ဖမ်းဆီးခြင်းအတွက် ဆုကြေးငွေကို ဖယ်ရှားလိုက်တာက အကြမ်းဖက်မှုကို တိုက်ဖျက်ရန် ကတိပြုခြင်း အပါအဝင် ဒမတ်စကတ်မှာ ပြုလုပ်ခဲ့တဲ့ ၎င်းတို့၏ ဆွေးနွေးပွဲများမှ အပြုသဘောဆောင်သော သတင်းစကားများကြောင့်လို့လည်း ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ အမြစ်တွယ်နေတဲ့ အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ရဲ့ ဌာနခွဲ HTS က ဦးဆောင်ပြီး သမ္မတအာဆက်ကို ဖြုတ်ချဖို့အတွက် ဒီလအစောပိုင်းမှာ မိုးကြိုးစစ်ဆင်ရေးနဲ့ ထိုးစစ်စခဲ့ပါတယ်။ မြို့တော် ဒမတ်စကတ်ကို သိမ်းပြီးနောက်မှာတော့  အစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာဖို့အတွက် ကြိုးပမ်းနေချိန်မှာ အမေရိကန် အထူးသံတမန်တွေက လာရောက်တွေ့ဆုံပြီး အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ 

ထုတ်ပြန်ချက်မှာ  ဆီးရီးယားပြည်သူတွေနဲ့ ဒေသတွင်းအဖွဲ့အစည်း အားလုံးက လက်ရှိအာဏာသိမ်းထာတဲ့ အဖွဲ့ကြား ဘာကွဲပြားမှုမှ မရှိပါဘူး။ အားလုံးညီတူညီမျှပါပဲ လို့ ဆိုပါတယ်။ 

“ ကျမနဲ့ ခေါင်းဆောင်အယ်လ်ရှာရာ တို့ တွေ့ဆုံ စကားပြောပြီးနောက်မှာတော့ သူ့ရဲ့ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုတွေကြောင့် ကျမတို့ ထုတ်ပြန်ထားတဲ့ ဖမ်းဆီးဝရမ်း ဆုကြေးတွေကို ဖျက်သိမ်းလိုက်ပါတယ်။ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ အခြေခံမူတွေနဲ့ လုပ်ဆောင်ချက်တွေအပေါ် တိုးတက်မှုကို ရှာဖွေသွားမှာပါ။ ဒီအကူးအပြောင်းကာလမှာ အားလုံးပါဝင်မှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးမှုရဲ့ အရေးပါမှုကိုလည်း ကျမ ပြောပြထားပါတယ်။ အမျိုးသမီးများအပါအဝင် ဆီးရီးယားနိုင်ငံသားအားလုံး၏ အခွင့်အရေးများကို လေးစားလိုက်နာမှုပါဝင်သော ဆီးရီးယားအစိုးရနှင့် ဆီးရီးယားနိုင်ငံပိုင် နိုင်ငံရေးလုပ်ငန်းစဉ်ကို ကျမတို့ အပြည့်အဝ ထောက်ခံပါတယ်” လို့ အထူသံတမန် လိဖ်က သတင်းထောက်တွေကို ဆိုပါတယ်။ 


REF - Isreal Times

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)