၂၀၂၄၊ ဒီဇင်ဘာ ၂၂ (တနင်္ဂနွေနေ့ )
ကမ္ဘာ့ အချမ်းသာဆုံး သူဌေးလည်းဖြစ်၊ နောက်တက်လာမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ပြင်ပအထောက်အပံ့အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ အီလွန်မက်စ်က ဂျာမဏီနိုင်ငံ မက်ဒီဘာဂ် မြို့မှာ သောကြာနေ့က ဖြစ်ပွဲခဲ့တဲ့ ခရစ္စမတ်ဈေးယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဂျာမဏီအဓိပတိ အိုလပ်ရှိုးဇ်ကို ပြစ်ပြစ်နစ်နစ် ဝေဖန်တိုက်လိုက်တာပဲ ဖြစ်ပါတယ်။
ခရစ္စမတ်ဈေး၌ လူနှစ်ဦးသေဆုံးပြီး ဒါဇင်နှင့်ချီသောလူများ ဒဏ်ရာရရှိသွားတဲ့ တိုက်ခိုက်မှုအပြီးတွင် သူ့ကို "အရည်အချင်းမရှိသော လူမိုက်" အဖြစ် ဆိုလိုက်ပြီး အီလွန်မက်စ်က ဂျာမန် အဓိပတိ အိုလပ်ရှိုးဇ်ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ပါတယ်။
မက်ဒီဘာဂ် မြို့ရှိ ခရစ္စမတ်ဈေး၌ ကားတစ်စီးက လူစုလူဝေးကို ဝင်တိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူနှစ်ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဆော်ဒီနိုင်ငံသား တာလပ်အေ လို့ အမည်ရတဲ့ ယာဉ်မောင်းကို အခင်းဖြစ်ပွားတဲ့နေရာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
REF: News 18
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment