၂၀၂၄၊ ဒီဇင်ဘာ ၂၂ ( တနင်္ဂနွေနေ့ )
လာမယ့် ဇန်နဝါရီလမှာ ရာထူးက ထွက်ပေးရမဲ့ လက်ရှိသမ္မတဘိုင်ဒန်နဲ့ ၎င်းရဲ့ အစိုးရအဖွဲ့ဝင်တွေက နောက်တက်လာမယ့် သမ္မတထရမ့်လုပ်ဆောင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်လို့မရအောင် အစွမ်းကုန်ကြိုးစားနေတယ်လို့ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရာယက်ကောဗ် က ဆိုလိုက်ပါတယ်။
အိမ်ဖြူတော်က လက်ရှိကျင့်သုံးနေတဲ့ မူဝါဒသည် အန္တရာယ်များပြီး မိမိကိုယ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း ရာယက်ကောဗ် က စနေနေ့ သီးသန့်အင်တာဗျူးတစ်ခုတွင် RT သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ၎င်းက “အဲဒါကို ဆန့်ကျင်ဖို့ ကျနော်တို့ သတိပေးထားတယ်” လို့ ဆိုပါတယ်။
အမေရိကန်လုပ် လက်နက်များဖြင့် ရုရှားပိုင်နက်အတွင်း နက်ရှိုင်းစွာ ထိုးစစ်ဆင်ရန် ယူကရိန်းအစိုးရ အား အမေရိကန်အစိုးရက ပေးအပ်နေတဲ့ ခွင့်ပြုချက် နဲ့ ယူကရိန်းသို့ လက်နက်များ ပို့ဆောင်မှု တိုးမြင့်လာမှုတို့မှာ နိုဝင်ဘာရွေးကောက်ပွဲတွင် ဘိုင်ဒင်တစ်ယောက် ထရမ့်ကို ရှုံးနိမ့်ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
မော်စကိုအစိုးရ နှင့် ကိယက်ဗ်အစိုးရတို့ကြား ပဋိပက္ခအတွက် သံတမန်နည်းလမ်းအရ ဖြေရှင်းချက်တစ်ရပ်ကို အမြန်ရှာဖွေပေးမယ်ဆိုတဲ့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးကတိကို မဖြစ်လာအောင်လို့ အခွင့်အလမ်းများကို နှစ်ဆလျှော့ချကာ ဖျက်ဆီးနေတာပါလို့ ဒုဝန်ကြီး က အလေးပေးပြောကြားခဲ့ပါတယ်။
မကြာသေးမီရက်သတ္တပတ်များအတွင်း နိုင်ငံတကာအသိအမှတ်ပြု ရုရှားပိုင်နက် ကားစကတ်ဒေသရှိ ရိုင်စကီ မြို့ကို ယူကရိန်း တပ်ဖွဲ့များက အမေရိကန် HIMARS ဒုံးများ၊ ယူကေမှ ထောက်ပံ့ပေးသော ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ပြီးနောက် လူငါးဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်က ယခုလို တိုက်ခိုက်မှုအားလုံးကို ရုရှားက ပြန်လည်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။ "ကျွန်ုပ်တို့၏ အဆောက်အဦများကို တိုက်ခိုက်ဖို့ လက်နက်များ အသုံးပြုခြင်းအား ခွင့်ပြုထားသော ထိုနိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပြန်ပြီးတော့ လက်နက်များ အသုံးပြု၍ ထိထိရောက်ရောက် တိုက်ခိုက်သွားမှာပါ" လို့ ပြီးခဲ့သည့်လက သတိပေးခဲ့ပါတယ်။
ဒုဝန်ကြီးကတော့ “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ဘိုင်ဒန်ရဲ့ ရပ်တည်ချက်ကို စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေပေမဲ့ သမ္မတပူတင်က ဘိုင်ဒန်နဲ့ ပတ်သက်အကြောင်းတွေကို စဉ်းစားဖို့မလိုကြောင်းနဲ့ အနာဂတ်ငြိမ်းချမ်းရေးအတွက်ကို စဉ်းစားဖို့အတွက်ပဲ ထပ်ခါတလဲလဲ ပြောနေတာကြောင့် ကျနော်တို့သိပ်မပြောဖြစ်တာပါ” လို့ ဆိုပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment