၂၀၂၄၊ ဒီဇင်ဘာ - ၂၀ ( သောကြာနေ့ )
ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Honda နဲ့ Nissan တို့က ဖြစ်နိုင်ချေရှိတဲ့ အချက်အလက်တွေကို စုစည်းပြီး အဖြေရှာနေတယ်လို့ သိရသည်။
ဂျပန်ကားကုမ္ပဏီကြီး Nissan နှင့် Honda တို့သည် ၎င်းတို့ကုမ္ပဏီ ၂ ခု ကြား ပေါင်းစည်းမှုကို ဖြစ်ပေါ်စေနိုင်သည့် စူးစမ်းလေ့လာမှုများ ပြုလုပ်နေကြောင်း ကုမ္ပဏီများက ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။
တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများထံမှ ပြင်းထန်သောပြိုင်ဆိုင်မှုများနှင့် ကမ္ဘာ့ EV လိုအပ်ချက်ကို မဖြည့်ပေးနိုင်သော ရိုးရာကားထုတ်လုပ်သူများဖြစ်သည့် ဂျပန်ကုမ္ပဏီနှစ်ခု၏ ပူးပေါင်းမှုသည် ဖြစ်နိုင်ချေ ရှိနေပါသည်။ ကုမ္ပဏီနှစ်ခုသည် ပေါင်းစည်းခြင်းနှင့်ပတ်သက်၍ အကြိုဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း Honda နှင့် Nissan တို့သည် သဘောတူညီချက်တစ်ခု ပြီးမြောက်မည့်အချိန်အတွက် အသေးစိတ် သို့မဟုတ် အချိန်ကာလသတ်မှတ်ချက်ကို မဖော်ပြသေးကြောင်း ဂျပန်သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။
“ဒီနှစ် မတ်လမှာ ကြေညာခဲ့တဲ့အတိုင်း Honda နဲ့ Nissan တို့ဟာ အချင်းချင်းရဲ့ အားသာချက်တွေကို အသုံးချပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ဖြစ်နိုင်ခြေအမျိုးမျိုးကို ရှာဖွေနေပါတယ်” ဟု ကုမ္ပဏီများက အင်္ဂါနေ့တွင် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ "အချက်အလက်ပိုင်းဆိုင်ရာ မွမ်းမံမှုများရှိပါက ကျွန်ုပ်တို့က သက်ဆိုင်သူများကို သင့်လျော်သောအချိန်တွင် အကြောင်းကြားပါမည်။"
ရွေးချယ်စရာများထဲတွင် Honda သည် ပေါင်းစည်းခြင်း၊ အရင်းအနှီးချိတ်ဆက်ခြင်း သို့မဟုတ် ပေါင်းစပ်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မည့် ဦးပိုင်ကုမ္ပဏီအသစ်တစ်ခုအား စဉ်းစားနေကြောင်း ၎င်း၏ အမှုဆောင် ဒုဥက္ကဋ္ဌ ရှင်ဂျီအေအိုယာမာ က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း ဂျပန်တိုင်းမ် သတင်းအရ သိရသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က EV နည်းပညာကို ရှေ့ဆောင်လုပ်ခဲ့ဖူးသော Nissan သည် BYD ကဲ့သို့ တရုတ်အမှတ်တံဆိပ်များနှင့်ယှဉ်လျှင် နည်းပညာပိုင်း၊ စွမ်းဆောင်ရည်ပိုင်း နှင့် ဈေးသက်သာသော ကားများကို ထုတ်လုပ်ရာ၌ နောက်ကျသွားခဲ့သည်။
ပေါင်းစပ်အဖွဲ့အစည်းသည် Tesla နှင့် BYD တို့ကို ယှဉ်ပြိုင်ရန် ရင်းနှီးမြုပ်နှံမှုပြုလုပ်သည့်အပိုင်းတွင် အတိုင်းအတာရှိလိမ့်မည် ဟု ကျွမ်းကျင်သူများက ဆိုသည်။ ပေါင်းစည်းချိတ်ဆက်မှုမှာ Mitsubishi Motors လည်း ပါဝင်နိုင်သည်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment