၂၀၂၄၊ ဒီဇင်ဘာ - ၂၀ ( သောကြာနေ့ )
ဆီးရီးယားမှာ အာဏာရှင်အစိုးရကို တော်လှန်ဖို့အတွက် ပြည်တွင်း အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေ စုပေါင်းပြီး ဒီလအစောပိုင်းက တစ်ပြိုက်နက်တိုက်ခိုက်မှုလုပ်လိုက်လို့ အာဆတ်အစိုးရ ပြုတ်ကျသွားပါတယ်။ တော်လှန်ရေးအောင်မြင်ခဲ့ပေမဲ့ အကယ်တမ်း အကျိုးအမြတ်ရသွားတာက ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အစ္စရေးဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကဆိုလိုက်ပါတယ်။
အစ္စရေးက ဆီးရီးယားပိုင် ဂိုလန်ကုန်မြင့်ဒေသတော်တော်များများကို တပ်စွဲထားပြီး နယ်ချဲ့သိမ်းယူနိုင်ခဲ့ပါတယ်။
မနေ့ကပြုလုပ်ခဲ့တဲ့ သမ္မတပူတင် ရဲ့ နှစ်ကုန်ပိုင်း သတင်းစာရှင်းလင်းပွဲ၌ ပူတင်က အစ္စရေး၏ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို နားလည်နိုင်သော်လည်း ရုရှားသည် အစ္စရေးရဲ့ ဆီးရီးယားနယ်မြေများကို သိမ်းပိုက်မှုမှန်သမျှအား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဆိုပါတယ်၊။ “အစ္စရေး လုပ်ရပ်အပေါ် သဘောထား တစ်စုံတစ်ရာ ရှိနိုင်သည်” ဟု ဆိုသော်လည်း “ဆီးရီးယား နယ်မြေ မှန်သမျှကို သိမ်းယူမှုကို ရုရှားက ရှုတ်ချပါတယ်။ ဒါက သိသာလွန်းပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ခိုင်မာပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုပါတယ်။
ယခုအချိန်အထိ အစ္စရေးသည် နယ်စပ်ဖြတ်ကျော် တပ်ဖွဲ့ဝင်များကိုသာ စေလွှတ်နေပြီး ၎င်းတို့ဆီးရီးယားမှ ထွက်ခွာရန် မရည်ရွယ်ဘဲ ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ရန် စီစဉ်နေကြောင်း ပူတင်က မှတ်ချက်ပြုခဲ့ပါတယ်။
အာဆတ်အစိုးရ ပြုတ်ကျပြီးနောက် အစ္စရေးသည် ရာနှင့်ချီသော ဆီးရီးယားဆိပ်ကမ်းများ၊ လေယာဉ်ကွင်းများနှင့် လက်နက်သိုလှောင်ရုံများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဂိုလန်ကုန်းမြင့်ရှိ စစ်မဲ့ဇုန်ကို ကျော်ဖြတ်ကာ ၎င်း၏တပ်များကို တိုးမြှင့်ခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဂျူးနိုင်ငံသည် ဆီးရီးယားနယ်စပ်တွင် ဖန်တီးထားသည့် ကြားခံနယ်ကို ချဲ့ထွင်ရခြင်းမှာ ဂိုလန်ကုန်းမြင့်ရှိ အစ္စရေး အသိုင်းအဝိုင်းများကို ခြိမ်းခြောက်နေသည့် ဂျီဟတ်အုပ်စုများကို ခွင့်မပြုနိုင်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ထိုအချိန်မှစ၍ အစ္စရေးအစိုးရသည် ဂိုလန်ကုန်းမြင့်ရှိ ဂျူးလူဦးရေ နှစ်ဆတိုးရန်နှင့် ဒေသကို အားကောင်းစေမည့် အစီအစဉ်ကိုလည်း အတည်ပြုခဲ့ပါတယ်။ "ကျွန်ုပ်တို့သည် ယင်းကို ဆက်လက်ဆုပ်ကိုင်ထားပြီး ပွင့်လန်းလာစေရန်၊ ၎င်းတွင် အခြေချနေထိုင်သွားမည်" ဟု အစ္စရေး အစိုးရ အကြီးအကဲက ကြေညာခဲ့ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment