အမေရိကန်တွေ ယူကရိန်းကို ပေးနေတာ ဘီလီယံ ၁၀၀ ကျော်သွားပြီလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်တွေ ယူကရိန်းကို ပေးနေတာ ဘီလီယံ ၁၀၀ ကျော်သွားပြီလို့ ဆို


၂၀၂၄၊ ဒီဇင်ဘာ - ၂၀ ( သောကြာနေ့) 

၂၀၂၂ ရုရှား - ယူကရိန်း ပဋိပက္ခ စတင်တဲ့အချိန်ကနေ စပြီး အမေရိကန်က ယူကရိန်းနိုင်ငံကို စစ်လက်နက် အကူအညီ အပြင် အခြားထောက်ပံ့ရေးပစ္စည်းများ ပေးနေတာ အခုဆိုရင် ကန်ဒေါ်လာပေါင်း ဘီလီယံ ၁၀၀ ကျော်သွားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် က နယူးယောက်ခ်မြို့ရှိ နိုင်ငံခြားဆက်ဆံရေးကောင်စီအစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။ 

အဲဒီ ပိုက်ဆံ တစ်လုံးတစ်ခဲကို ကာကွယ်ရေးဝန်ကြီးဌာနသုံးဖို့အတွက် သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုခဲ့တာပါ။ ဘိုင်ဒန်က သူ့ရာထူးကနေ အနားမယူခင်မှာ ကွန်ဂရက်ကခွင့်ပြုတဲ့ ငွေတွေကို ယူကရိန်းအတွက် တစ်ပြားမကျန်အောင် သုံးလိုက်တာပါလို့လည်း ဆိုပါတယ်။ 

ယူကရိန်းကို အမေရိကန်ထုတ် လက်နက်ထောက်ပံ့ဖို့နဲ့ အခြားအကူအညီတွေ ပေးဖို့အတွက် အမေရိကန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေပိုရလာခဲ့လို့ အခွန်ထမ်းပြည်သူတွေအတွက် အကျိုးကျေးဇူးတွေရခဲ့ကြောင်း၊ အမေရိကန်က ဘီလီယံ ၁၀၀ သုံးစွဲသလို မဟာမိတ်နိုင်ငံတွေက ဘီလီယံ ၁၅၀ သုံးစွဲခဲ့ကြောင်း၊  ဘဏ္ဌာရေးအကူအညီများက ယူကရိန်းအစိုးရ ရဲ့ဝန်ထုတ်ဝန်ပိုးတွေကို မျှဝေခံခဲ့တာဖြစ်ကြောင်း  ၎င်းက ပြောကြားခဲ့ပါတယ်။ 

အနောက်နိုင်ငံများ၏ ထောက်ပံ့ကူညီမှု ပမာဏသည် ရုရှား၏ စစ်ဆင်မှု ရည်မှန်းချက်များ အောင်မြင်ခြင်းမှုကို တားဆီးရနိုင်မည်မဟုတ်ကြောင်း၊ ယူကရိန်း ပဋိပက္ခ၏ နောက်ဆုံးရလဒ်ကို ပြောင်းလဲလိုမည်မဟုတ်ကြောင်း ဘိုင်ဒန်က ရုရှားနှင့် အမေရိကန်ကြား တင်းမာမှုများ မြင့်တက်စေသည့် “ခက်ခဲသော အမွေအနှစ်” ကို ချန်ထားရန် လုပ်ဆောင်နေကြောင်း ကရင်မလင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ် က အခိုင်အမာ ပြောကြားလိုက်ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)