ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော်တင်ပို့ထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော်တင်ပို့ထား


ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံမှထွက်ရှိသော ပြောင်းများ ကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ယခု ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး အပြင် ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

"အခုဘဏ္ဍာနှစ်စကနေ လက်ရှိအချိန် ထိ ပြည်ပကို ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော်တင်ပို့ထားပါတယ်။ အဓိက တင်ပို့တာက ထိုင်း၊ အိန္ဒိယနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကိုတင်ပို့ပါတယ်" ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းကပြောသည်။

ပြည်တွင်းမှထွက်ရှိသည့် ပြောင်းများ ကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး ယခုနှစ် အတွင်း အိန္ဒိယနိုင်ငံသို့ပါ ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။

"လက်ရှိက ထိုင်းနိုင်ငံကိုတင်ပို့တဲ့ ကာလတော့မဟုတ်သေးဘူး။ ဒါပေမဲ့ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ တခြားနိုင်ငံတွေက အမှာများနေတော့ အရောင်းအဝယ် ကောင်းနေပါတယ်။ လက်ရှိကတော့ မိုး သီးနှံစိုက်ပျိုးရာသီမှာ စိုက်ထားတဲ့ပြောင်း တွေထွက်နေဆဲအချိန်ပါ။ ပြည်ပတင်ပို့မှုများတာကြောင့် ဈေးကောင်းဆက်ရနေ ပါတယ်" ဟု ဦးသန့်ဇင်ထွန်းကပြောသည်။

လက်ရှိတွင် ပြောင်းကို ပြည်ပနိုင်ငံများ သို့ တင်ပို့နေရသည့်အပြင် ပြည်တွင်း အစာစပ်လုပ်ငန်းများကလည်း ဝယ်ယူမှု များနေကြောင်း၊ ထိုင်းနိုင်ငံမှ မြန်မာ့ ပြောင်းကို ဖေဖော်ဝါရီလမှ ဩဂုတ်လ ကုန်အထိ အကောက်ခွန်ကင်းလွတ်ခွင့် ပြုထားလေ့ရှိ၍ ယင်းကာလအတွင်း အများအပြားတင်ပို့လေ့ရှိကြောင်း၊ လတ် တလောတွင် ထိုင်းနိုင်ငံသို့ ပြန်လည် တင်ပို့ချိန်နီးကပ်လာပြီဖြစ်၍ တိုးမြှင့်တင်ပို့ နိုင်ရန် စီစဉ်နေကြောင်း သိရသည်။ 


ဝါဝါ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)