ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရွှေတိဂုံစေတီတော် သာသနိကအဆောက်အအုံများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရွှေတိဂုံစေတီတော် သာသနိကအဆောက်အအုံများ ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ ဒီဇင်ဘာ ၂၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ယမန်နေ့က ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ရောက်ရှိပြီး စေတီတော်တောင်ဘက်မုခ် ဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်းကပ်လှူပူဇော်၍ ရွှေတိဂုံစေတီတော်သမိုင်းအချက် အလက်နှင့် ဘုရားဖူးလမ်းညွှန်ကို ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး၌တွေ့ဆုံရာ အလှည့်ကျသဘာပတိ ဦးထိန်ဝင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှု၊ နိုင်ငံတော်အကြီးအကဲမှာကြားခဲ့သည့် လုပ်ငန်းလမ်းညွှန်ချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သာသနိကအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ (၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ၊ ဓမ္မပူဇနိယ၊ သံဃပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်ရင်ပြင်ပေါ်ရှိ နန်းဦးဘုရားကြီး တန်ဆောင်း၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုသည့် ဆရာတော်သံဃာ‌တော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒအရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များနာယူကြပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့၏ သံဃပူဇာအဖြစ်ဂေါတမမြတ်စွာဘုရားအားအမှူးထားပြီး ဆရာတော် သံဃာတော် ၁ဝ၈ ပါးနှင့် သီလရှင် ၃၆ ပါးတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)