ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၄

နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ (၂၀၂၅) ဦးစီးကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်း အဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိ သူများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ် ဆိုင်ရာ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များမှ အရည်အသွေးရှိသည့် စာတမ်းများ လက်ခံ၊ စိစစ်အတည်ပြုခြင်းကိစ္စရပ်များ၊ သုတေသနပြခန်းပြသခြင်းကိစ္စရပ်များ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေး၊ ဖျော်ဖြေရေး၊ သတင်းပြန်ကြားရေး၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်း၍ ကဏ္ဍအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များ အောင်မြင်ရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လိုအပ်သည်များကို တက်ရောက်လာ သူများအားလုံး ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမိုးလွင်က လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသည့် ဆရာ ကြီး ဆရာမကြီးများက နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ (၂၀၂၅) ကျင်းပရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)